ဒီသတင်းတုကို စွာစော်ကဲ ဆိုတဲ့ မည်သူမည်ဝါမှန်း ဖော်ပြမထားတဲ့ အကောင့်တစ်ခုကနေ စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး အခုချိန်မှာ ပြန်လည်မျှဝေထားသူပေါင်း ၄၀၆ ဦး ရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ လက်သုံးချောင်းထောင်ထားတဲ့ ပုံတွေနဲ့ တခြား ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပုံတွေကို ဖော်ပြထားပါတယ်။
ခုလတ်တလောလိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုအကြောင်း ရှင်းပြချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ချိတ်ဆွဲထားတဲ့ ပုံတွေကို အစ္စလာမ်ကျမ်းအဆိုအမိန့်တွေ ဖြစ်တဲ့အကြောင်း သတင်းတု တစ်ခု ပြန့်နှံ့နေပါတယ်။
ဇွန်လ ၂၂ ရက်နေ့မှာ May Lwan ဆိုတဲ့ Facebook Account ကနေ တင်ထားပြီး အခုလက်ရှိမှာတော့ ပြန်လည်မျှဝေတဲ့သူ ၉ ထောင်ကျော်နေပါပြီ။
ဇွန်လဆန်းပိုင်းမှ ပြန့်နှံ့လာတဲ့ “မွတ်ဆလင်ပြည်လုံးကျွတ်ညီလာခံကို NLD ပါတီက ကူညီမယ်” ဆိုတဲ့ သတင်းတုအကြောင်းကို တွေးပြီးမှယုံက ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ……….. ဒီမနက် လူမှုကွန်ယက်မှာ သတင်းတခုကို လူအများshare နေကြတာကိုတွေ့ရပါတယ်။ အဲ့ဒီသတင်းက “ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ပြေးထွက်ပြေးသည့် မွတ်ကုလားကိုဖမ်းမိပြီ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့သတင်းတပုဒ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီသတင်းဟာ ၂၀၁၆ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တယ့် အဖြစ်အပျက်ကို လိုသလိုရေးထားတဲ့သတင်းတုတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံ မှစစ်ဆေးကြည့်တဲ့အခါ ….၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ကလောမြို့နယ် မှ ယာဉ်မောင်းသည် အမြန်လမ်းမကြီးတွင် ကိုရင်လေးနှစ်ပါးကို မော်တော်ယာဉ်နဲ့တိုက်မိတဲ့အကြောင်း ဖော်ပြထားတဲ့ DVB သတင်းကိုလိုသလိုရေးထားတဲ့သတင်းတု တစ်ခုပဲဖြစ်ပါတယ်။ ဒီသတင်းမှာသုံးထားတဲ့ ယာဉ်မောင်းဓာတ်ပုံကလည်း အစ္စရေးထောင်ထဲမှာ ပါလက်စတိုင်းလူငယ်တွေအကျဉ်းချခံရတဲ့အကြောင်းကို ရေးသားထားတဲ့ သတင်းက ဓာတ်ပုံတွေကိုယူသုံးထားတာပါ။ အခုသတင်းတုဟာ သတင်းဖြစ်စဉ်အမှန်ကိုယူပြီး အချက်အလက်တွေကို လိုသလိုပြင်ဆင်ထားတဲ့သတင်းတု တစ်ခုလဲဖြစ်ပါတယ်။ ဒါကြောင့် သတင်းဖတ်တဲ့သူတွေအနေနဲ့ သတင်းတခုကိုတွေ့ပြီဆိုရင် […]