Home>>သတင်းစာဖြတ်ပိုင်းအတု

သတင်းစာဖြတ်ပိုင်းပုံ လုပ်ကြံသတင်းတုများဖြန့်​ဝေ​နေ ​

သတင်းစာဖြတ်ပိုင်းအတု October 19, 2021

516 Views

ဒီရက်ပိုင်းမှာ သတင်းစာဖြတ်ပိုင်းပုံ ဖန်တီးထားတဲ့ သတင်းတု​တွေ ပုံစံတူ အများအပြားထွက်​ပေါ်လာ​နေပါတယ်။ ပထမ တစ်ခုကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင် က​နေ အာဆီယံကို သတိ​ပေးလိုက်တယ်ဆိုတဲ့ သတင်းတုပါ။ အာဏာသိမ်းစစ်​ခေါင်း​​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ကို အာဆီယံထိပ်သီး အစည်းအ​ဝေး တက်​ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး​နောက်မှာပဲ ထွက်​ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထိပ်တန်းသတင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ မီဒီယာ​တွေနဲ့ ပြည်တွင်းမီဒီယာ​တွေက​နေ ​ဖော်ပြထားတာမျိုး​တွေကို မ​တွေ့ခဲ့ရလို ဒီအ​ကြောင်းအရာနဲ့ ပတ်သက်လို့ အခြားပြည်ပမီဒီယာတွေမှာလည်း ဖော်ပြထားခြင်းမရှိတဲ့အတွက်ကြောင့် သတင်းအတု တပုဒ်သာဖြစ်​ကြောင်း အတည်ပြုခဲ့ပါတယ်။ ​​ နောက်ထပ် သတင်းတစ်ပုဒ်က​တော့ ဒီကနေ့မှာပဲ ထပ်မံထွက်​ပေါ်လာတဲ့ သတင်းစာဖြတ်ပိုင်းပုံ သတင်းတုဖြစ်ပါတယ်။ ဒီ သတင်းဓါတ်ပုံအတုထဲမှာဆိုရင် ပြန်လည်လွတ်​မြောက်လာတဲ့ NLD ထိပ်ပိုင်းခေါင်း​ဆောင် ဦးမုံရွာ​အောင်ရှင် မှ ပြင်ပ​တွင် ​အေးချမ်းစွာ ​နေလိုပြီး […]