ဒီသတင်းကို ၂၀၂၀၊ မတ်လ ၁၄ရက်နေ့က လွတ်လပ်တဲ့ Media တွေဖြစ်တဲ့ Myanmar Times နဲ့ Irrawaddy က သတင်းဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံမှာလဲ DKBA ဗိုလ်မှူး စောဆန်းအောင်အပါအဝင် ၁၃ဦးဟာ တပ်မတော်သို့ အလင်းဝင်သွားကြောင်း ရေးသားထားတာဖြစ်ပါတယ်။ ဗိူလ်မှူး စောဆန်းအောင် KNU ဘက်ကို ပူးပေါင်းတယ်ဆိုတာဟာ ၂၀၂၀ ခုနှစ်က ဖြစ်ခဲ့တာ ဖြစ်ပြီး အခု ၂၀၂၁ မှာ မဟုတ်ပါဘူး။
“မြန်မာ့တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ပျက်ကျ သုံးဦးသေဆုံး” ဆိုတဲ့ သတင်းတုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook မှာ အတော်လေးကို ပြန့်နှံ့နေပါတယ်။ သတင်းတုကို Zin Min ဆိုတဲ့ အကောင့်က ဇွန်လ၊ ၁၅ရက်နေ့ က တင်ထားတာကို တွေ့ရပါတယ်။ သတင်းတုမှာတော့ “မိတ္ထီလာ-တောင်ငူ-မှော်ဘီ ခရီးစဉ်သွားတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ပျက်ကျတယ်” လို့ဖော်ပြထားပါတယ် ….