ဇွန်လဆန်းပိုင်းမှ ပြန့်နှံ့လာတဲ့ “မွတ်ဆလင်ပြည်လုံးကျွတ်ညီလာခံကို NLD ပါတီက ကူညီမယ်” ဆိုတဲ့ သတင်းတုအကြောင်းကို တွေးပြီးမှယုံက ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီညမှ ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုကို သူငယ်ချင်းတို့သိရှိပြီးဖြစ်ကြမယ်လို့ တွေးပြီးမှယုံ ကမျှော်လင့်ပါတယ်။ အဲ့ဒီသတင်းတုကတော့ အစ္စလာမ်ဘာသာဝင်များရဲ့ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ထုတ်ပြန်တဲ့စာ ဆိုပြီး စာအတုတစ်ခု ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီစာကို စစ်ပေးဖို့ တွေးပြီးမှယုံ page ကိုပေး ပို့လာတဲ့အတွက် စစ်ဆေးလိုက်တဲ့အခါမှာ ပေးပို့လာတဲ့စာဟာအတုဖြစ်နေတာကို တွေ့ရှိရပါတယ် …..