သူငယ်ချင်းတို့ရေ…. ခုတစ်ခေါက်ပြောပြပေးချင်တာကတော့ “ကိုဗစ်ဗိုင်းရပ်စ်ကုပေးပြီး နားရက်ပြန်လာတဲ့ ဆရာဝန်တွေကို ရောဂါသယ်လာတယ်ဆိုပြီး ရိုက်နှက်ရွာပြင်ထုတ်နေတယ်” ဆိုတဲ့ သတင်းတု တပုဒ်ပဲဖြစ်ပါတယ်။ ပဒေသာ မီဒီယာဆိုတဲ့ မီဒီယာအမည်ခံပေ့ချ်တစ်ခုကနေ ဒီသတင်းကို တင်ထားတာဖြစ်ပြီး အာဖရိကမှာ ကိုဗစ်ဗိုင်းရပ်စ်ကုပေးပြီး နားရက်ပြန်လာတဲ့ ဆရာဝန်တွေကို ရောဂါသယ်လာတယ်ဆိုပြီး ရိုက်နှက်ရွာပြင်ကို မောင်းထုတ်နေတယ်လို့ ဗွီဒီယို အပိုင်းအစတစ်ခုနဲ့ အတူ တင်ထားပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံ-Think Before You Trust မှ အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတုမှာ ရေးထားသလိုမျိုး အာဖရိကမှာ ဖြစ်ခဲ့ သတင်းတစ်ပုဒ်မဟုတ်ခဲ့ပဲ အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံ၊ Indore မြို့တော်ရဲ့ Tattpatti Bakhal ခရိုင်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူရဲ့ မိသားစုဝင်တွေကို ဆေးကုသပေးဖို့ လာရောက်ခဲ့တဲ့ဆရာဝန်တွေကို ဒေါသထွက်နေတဲ့ အနီးအနားနေထိုင်သူတွေက ကျောက်ခဲတွေနဲ့ […]
ဗင်ဒူဂူဝဲ(လ)၊ ဆူဟာစီနီရာ့(ဂျ)နဲ့ပရီယာဒါရှီနီ ရာဗီချန်ဒရန် (Vindu Goel, Suhasini Raj and Priyadarshini Ravichandran) သည် The New York Times သတင်းစာ အတွက်ရေးသားထားသည်ကို ဆီလျော်အောင် မြန်မာဘာသာဖြင့် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။