သူငယ်ချင်းတို့ရေ….
ခုတစ်ခေါက် တွေးပြီးမှယုံ ရဲ့ တွေ့ရှိထားတဲ့သတင်းတုတစ်ခုဟာ ဆိုရင် နေစဥ်သတင်း ဆိုတဲ့ ပေ့ချ်ကနေ ဇွန်လ၊ ၉ရက်နေ့က “ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က AA အကြမ်းဖက် သောင်းကျန်းသူများရဲ့ လုပ်ရပ်ဆိုးရွားကြောင်း၊ ရခိုင်တိုင်းရင်းသားတချို့ကလည်း အစွန်းရောက်နေကြောင်း…..
“AA တပ်ရင်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမည်ဖြစ်ကြောင်း” Bangladesh Military Affairs Page မှာ ဖော်ပြထားတယ် ဆိုတဲ့ သတင်းတု တစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဒီသတင်းတုကိုတော့ ဇွန်လ (၁၁) ရက်နေ့မှာ Win Htein Oo ဆိုတဲ့အကောင့်ကနေ တင်ထားတာဖြစ်ပါတယ်။ သတင်းဖော်ပြချက်မှာတော့ Bangladesh Affairs Page က ဖော်ပြထား ……
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပတ်သတ်ပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတုတွေကတော့ ဒီရက်ပိုင်းမှာ အများကြီးပေါ်ထွက်နေပါတယ်။ ဒီတခေါက်မှာဆိုရင်လည်း မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်အနီး စိန့်မာတင်ကျွန်းပေါ်မှာ ဘဂ်လားဒေ့ရှ်စစ်တပ်မှ လက်နက်ကြီးများ၊ တပ်အင်အားများဖြည့်ဆည်းနေတယ်ဆိုတဲ့ သတင်းတုကို ဖော်ထုတ်ပေးလိုက်ပါတယ်နော်…
ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့အကြားစစ်ပွဲတွေပြင်းထန်နေချိန်မှာ လက်နက်ကိုင် နှစ်ဖွဲ့ကြား သတင်းတွေနဲ့ပတ်သတ်လို့ အမျိုးမျိုးသောသတင်းတု၊ သတင်းမှားတွေကို တွေ့ရှိရပါတယ်။
ဒီတစ်ခါမှာတော့Think Before You Trust မှ တွေ့ရှိချက်မှာ မောင်သုတ ဆိုတဲ့အကောင့်တကောင့်မှ “ထိုင်းကတော့စိန်ခေါ်နေပြီ AA ဘက်မှာထိုင်းတော်ဝင်တပ်တော်ကြီးပါလာတော့မည်” ဆိုတဲ့ခေါင်းစဉ်ဖြင့် Bangkok Post သတင်းစာမှပါဝင်တဲ့ ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ထားတယ်ဆိုတဲ့ သတင်းတု တင်ထားတာကိုတွေ့ရပါတယ်။ ထိုသတင်းတုကို Like ၆၀၀၀ကျော်၊ ပြန်လည်မျှဝေသူ ၄၀၀၀ကျော်ရရှိပြီး မကြာခင်မှာပဲ ပို့စ် ဖျက်သွားတာကိုတွေ့ရပါတယ်။ ….
ဒီနေ့အတွက် Fake News Alerts ကတော့
“ကရင် KNU တပ်က တပ်မတော် နဲ့ပူးပေါင်းပြီး AA ကိုအပြတ်တိုက်မယ် ဟုသတင်းထုတ်ပြန်” ဆိုတဲ့ သတင်းတု ပဲ ဖြစ်ပါတယ်။
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ထွက်လာတဲ့ သတင်းတု တစ်ခုကတော့ AA အဖွဲ့က လူ၃ ဦးကိုသတ်ဖြတ်တယ် ဆိုတဲ့ သတင်းဓါတ်ပုံ အတုဖြစ်ပါတယ်။ ဒီသတင်းတုကိုတော့ တပ်မတော်စစ်သတင်းများ နှင့် တပ်မတော်ချစ်မြတ်နိုးသူများ ဆိုတဲ့ Facebook Page ကနေ တင်ထားတာဖြစ်ပြီးတော့ ပျံ့နှံ့မှုကတော့ Like (693),Comment (144), Share (400) ရှိနေပါပြီ။
21 ရက်နေ့က စလို့ Facebook မှာ Video ဖိုင်တစ်ခုကတော်တော်လေးကြည့်ရှုသူများလာပြီး ပြန်လည်မျှဝေတာ တွေလည်း တော်တော်လေးကို များလာပါတယ်။ သတင်းတစ်ပုဒ်မှာ အရေးကြီးတဲ့ Video မှတ်တမ်းကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အရင်က Video ကိုယူသုံးထားတာပါ။