စက်တင်ဘာ၁၀ရက်နေ့ မနက်ပိုင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေလို့ ရည်ညွှန်းထားပြီး Min Min, Ro Thiha Hlaing စတဲ့ အမည်နဲ့ ဖေ့ဘုတ်အကောင့်တွေက စက်တင်ဘာ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ အသီးသီးဖြန့်ဝေထားပါတယ်။ ပြန်လည်မျှဝေသူစုစုပေါင်း ၆ ထောင်ကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာဆိုရင် ချင်းပြည်နယ် ထန်တလန်မြို့ (Lungler) ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပစ်ခတ်နေတဲ့ မှတ်တမ်းဗီဒီယိုလို့ ဖော်ပြထားပါတယ်။
မင်းတပ်မြို့ရဲ့ လက်ရှိအခြေအနေဆိုပြီး ဖြန့်ဝေထားခဲ့တဲ့ ယင်းသတင်းဓါတ်ပုံတွေဟာ အမှန်တကယ်မှာတော့ ၂၀၁၃ ခုနှစ်တွင်းက မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွင်းက ပုံတွေကို အချိန်ကိုက် ပြန်လည်အသုံးပြုထားတာဖြစ်ပါတယ်။