Home>>ဒေါ်အောင်ဆန်းစုကြည်

UEC အဖွဲ့ဝင်ငါးဦး ထွက်ပြေးဖို့ကြံနေပြီး နိုင်ငံတကာက အကြံပေးပုဂ္ဂိုလ်တွေလည်း ထွက်ပြေးနေကြပြီဆိုတာတကယ်လား? တပ်မတော်က အိမ်စောင့်အစိုးရဖွဲ့နေပြီဆိုတာကော?

ဒေါ်အောင်ဆန်းစုကြည် December 10, 2020

5805 Views

ဒီသတင်းကို ဒီဇင်ဘာ ၈ရက်နေ့က မင်းကိုကိုဦး အမည်နဲ့ Facebook အကောင့်တစ်ခုကနေ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းတုထဲမှာဆိုရင် “UEC အဖွဲ့ထဲက (၅)ဦးပြေးဖို့ကြံစည်နေကြတယ်။ အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း အတော်များများပြန်ပြေးနေကြပြီ။………

ပန်းချီကားကို နင်းပြီးကတာ တကယ့်ဘုရားကိုနင်းတာမဟုတ်တဲ့အတွက်အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် October 13, 2020

5312 Views

“ပန်းချီကားလို LED မီးတွေနဲ့ ပုံဖော်ထားတဲ့ ပုံပေါ်မှာကတာဟာ တကယ့်ဘုရားပေါ်တက်နင်းပြီး ကနေတာမဟုတ်တဲ့အတွက် သူတို့မှာ အပြစ်မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားလိုက်ပါတယ်။” လို့ ရေးသားထားတဲ့ သတင်းတုတွေ ပြန့်နှံ့နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာဝင်တွေလို သင်္ကေတ လုပ်ခဲ့တယ် ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် September 22, 2020

3403 Views

ဒီသတင်းတုကို စွာစော်ကဲ ဆိုတဲ့ မည်သူမည်ဝါမှန်း ဖော်ပြမထားတဲ့ အကောင့်တစ်ခုကနေ စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ဖြန့်ဝေခဲ့ပြီး အခုချိန်မှာ ပြန်လည်မျှဝေထားသူပေါင်း ၄၀၆ ဦး ရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ လက်သုံးချောင်းထောင်ထားတဲ့ ပုံတွေနဲ့ တခြား ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပုံတွေကို ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ အစ္စလာမ်ကျမ်းအဆိုအမိန့်များကိုချိတ်ဆွဲထားဆိုတဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည် June 29, 2020

30783 Views

ခုလတ်တလောလိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုအကြောင်း ရှင်းပြချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ချိတ်ဆွဲထားတဲ့ ပုံတွေကို အစ္စလာမ်ကျမ်းအဆိုအမိန့်တွေ ဖြစ်တဲ့အကြောင်း သတင်းတု တစ်ခု ပြန့်နှံ့နေပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာ May Lwan ဆိုတဲ့ Facebook Account ကနေ တင်ထားပြီး အခုလက်ရှိမှာတော့ ပြန်လည်မျှဝေတဲ့သူ  ၉ ထောင်ကျော်နေပါပြီ။

COVID-19 ကပ်ရောဂါကို အသုံးချပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဖောက်ယူဖို့ကြိုးစားနေတဲ့ စိုးရိမ်ဖွယ်ရာ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် April 24, 2020

1919 Views

သူငယ်ချင်းတို့ရေ….. COVID – 19 ကပ်ရောဂါ ကာလအတွင်းမှာ ကူးစက်မှုများ လျော့ချနိုင်ဖို့ အတွက် အစိုးရ သတ်မှတ်လုပ်ငန်းများမှ လွဲလို့ အခြားလုပ်ငန်းများကို ပိတ်ခိုင်းထားပြီး လူအများကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ကြစေဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အဲ့လို ထုတ်ပြန်မှုနဲ့ အတူ လူအများဟာလည်း အလုပ်အကိုင်ပျက်မှုများကြောင့် စားဝတ်နေရေးအခက်အခဲများကို ကြုံတွေ့လာနေရပါတယ်။ ကြုံတွေ့လာရတဲ့ အခက်အခဲတွေပေါ်မှာ မူတည်ပြီးတော့ စီးပွားရေး၊ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ကြိုးစားလာမှုများကို​လည်း တွေ့ရှိနေရပါတယ်။ ယခု Think Before You Trust မှ တွေ့ရှိရတဲ့ သတင်းတု တစ်ခုမှာဆိုရင်လည်း တခြားသတင်းတွေက လှူဒါန်းနေတဲ့ သတင်းဓာတ်ပုံတွေကို ယူသုံးထားပြီး မြန်မာနိုင်ငံရဲ့ ဘယ်နားမှာနေပါစေ။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိတဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက် လာရောက် […]

ဒေးဗစ်လားကို ဖွင့်ထားသောအမှု ပြန်ရုတ်သိမ်းတယ် ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် April 16, 2020

1412 Views

သူငယ်ချင်းတို့ရေ….. COVID – 19 ကပ်ရောဂါကာလအတွင်း လူစုလူဝေးမပြုလုပ်ရ ဆိုတဲ့ အစိုးရထုတ်ပြန်ချက်ကို ဖောက်ဖျက်ခဲ့တဲ့ တရားဟောဆရာဒေးဗစ်လား နှင့် သင်းအုပ်ဆရာအပါအဝင် လေးဦးကို သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအရ မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထား တဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။  အဆိုပါ တရားစွဲဆိုထားခြင်းကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြန်ဖြေပေးမှုကြောင့် ပယ်ဖျက်လိုက်ကြောင်း Ne Ya Byutt ဆိုတဲ့ အကောင့်မှ တင်ထားပါတယ်။ ဒီသတင်းတုဟာ Like 1.1 K နဲ့ Share 7.3 K ရှိနေပါပြီ။  ဒီသတင်းတုကို  Think Before You Trust မှ စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတင်ထားတဲ့ […]

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်ကိုလည်း သတင်းတုလုပ်ပြန်ပြီ

ဒေါ်အောင်ဆန်းစုကြည် August 13, 2018

2007 Views

သတင်းအမှား အတင်းအတုတွေနဲ့ ပတ်သတ်ပြီး သတိထားဖို့ ပြောပြခဲ့ဘူးသလို photoshop တွေနဲ့ ပုံတွေပြုပြင် ထားတွေကိုလည်း သတိထားမိဖို့ တွေးပြီးမှယုံ ကနေ ပြောပြခဲ့ဖူးပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ သတင်းဓာတ်ပုံအမှားဟာ တကယ်တော့ 7Day News Journal က သတင်းစာမျက်နှာဖုံးကို ယူသုံးထားပြီးတော့ ပုံပြုပြင်ထားတာပါ။ ပြင်ထားတဲ့ ပမာဏက အများကြီး မဟုတ်ပဲ စာလုံးလေး တစ်လုံးထဲ ဆိုပေမယ့် အဓိပ္ပါယ်တွေ အများကြီး လွဲသွားနိုင်တာပါ။ သူငယ်ချင်းတို့လည်း ဒီလို ဓာတ်ပုံအမှားတွေနဲ့ ပြုပြင်ထားတာတွေကို သတိပြုမိအောင် တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါတယ်နော်။ အောက်မှာကတော့ သတင်းအမှန်ကို ဖော်ပြထားတဲ့ 7 Day Daily ရဲ့ မျက်နှာဖုံးစာမျက်နှာကို ဓာတ်ပုံနဲ့ဖော်ပြထားပါတယ်။

မနှစ်ကဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ အကြောင်းအရာကို ဒီနှစ်ရက်စွဲနဲ့ ပြန်တင်လိုက်တဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် May 11, 2018

2778 Views

သတင်းတွေကို ဖတ်တဲ့အခါ၊ စစ်ဆေးတဲ့အခါမှာဘယ် နေရာ၊ ဘယ်နေ့ ဘယ်ချိန်၊ ဘယ်သူ့ပြောစကား စတာတွေကိုစစ်ဆေးကြည့်ဖို့ တွေးပီးမှယုံကနေ ခဏခဏ ပြောပြဖူးပါတယ်။ သတင်းတွေမှာ သတင်းတုလုပ်လို့အကောင်းဆုံးက …

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာအတု

ဒေါ်အောင်ဆန်းစုကြည် April 21, 2018

1763 Views

သူငယ်ချင်းတို့ရေ အခုဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုတဲ့ စာအတုကတော့ ၂၀၁၇ တုန်းက အွန်လိုင်းပေါ်ပြန့်ခဲ့တဲ့ အဟောင်းကြီးပါ။ ဘယ်သူ ဘယ်ဝါက ရေးတယ်ဆိုတာ မသိရပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရေးတာ မဟုတ်တာတော့ အသေအချာပါ။ ဒီလို အတုအယောင်စာတွေကို သူငယ်ချင်းတို့ သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။ ကျန်တဲ့ သူငယ်ချင်းတွေလည်း သတင်းတုကို မရှယ်မိရအောင် မျှဝေပေးလိုက်ပါအုံးနော်။