ဒီနေ့အတွက် Fake News Alerts ကတော့
“ကရင် KNU တပ်က တပ်မတော် နဲ့ပူးပေါင်းပြီး AA ကိုအပြတ်တိုက်မယ် ဟုသတင်းထုတ်ပြန်” ဆိုတဲ့ သတင်းတု ပဲ ဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ ဒီတစ်ခါ ပြောချင်တဲ့အကြောင်းကတော့ Min Thant Pyone Cho အကောင့်ကနေ 14 September မှာတင်ထားတဲ့ သတင်းအကြောင်းပါ။ ဒီသတင်းကတော့ သူပုန်တွေထောင်တဲ့ မိုင်းကြောင့် ခြေထောက်ပြတ်သွားလို့ဆိုပြီး မိန်းကလေးပုံနဲ့တွဲပြီး တင်ထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီ post ကို Share သူတွေဟာ 1.8k တောင်ရှိနေပါပြီ။ တကယ်တော့ ဒီပုံထဲကမိန်းကလေးဟာ မြန်မာပြည်က မဟုတ်ပါဘူး။ 2011 October 23 က ရှန်းဟိုင်းမြို့မှာ အထပ်မြင့် မိုးမျှော်တိုက်ကနေ မှန်နံရံပြိုကျပြီး ထိခိုက်သွားလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ မိန်းကလေးပုံပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ခြေထောက်ပြတ်သွားတယ် ဆိုပြီး သတင်းတုရေးသားတာဟာ တိုင်ရင်းသားလက်နက်ကိုင်တွေကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်တိုက်ခိုက်တဲ့ သတင်းတုပဲ […]
သူငယ်ချင်းတို့ရေ တိုင်းရင်းသားလက်နက်ကိုင်တွေကို ၂၀၂၀ မတိုင်မီမှာ အပြုတ်တိုက်မယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က ပြောတယ်ဆိုတဲ့ သတင်းအတု တစ်ခုတက်နေတာကို တွေ့ရပါတယ်။ တွေးပြီးမှယုံက ကာကွယ်ရေးဦးစီးချုပ်ပြောခဲ့သမျှ မိန့်ခွန်းတွေနဲ့ ဒီသတင်းအတုကို တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ အချက်အလက်တွေက မှန်ကန်ခြင်းမရှိတာကို တွေ့ရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လို့ ဘက်ပေါင်းစုံက ကြိုးစားနေတဲ့အချိန်မှာ ဒီလိုမျိုး သတင်းအတုတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်အောင်ပြုလုပ်နေတာပါ။ သူငယ်ချင်းတို့အနေနဲ့သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း အလားတူ သံသယဖြစ်စရာ သတင်းတွေကို တွေ့လာတယ်ဆိုရင် တွေးပြီးမှယုံဆီကို မက်ဆေ့ကနေပေးပို့ပြီးတော့ သတင်းအတု ဟုတ်မဟုတ်ကို စစ်ဆေးလို့ရပါတယ်နော်။