ဒီသတင်းဟာဆိုရင် ဇန်နဝါရီ၂၆ ရက်နေ့ ရက်စွဲနဲ့ သတင်းစာဖြတ်ပိုင်းအနေနဲ့ ပြန့်နှံ့လာခဲ့ပြီး သတင်းထဲမှာ “မဲမသမာမှုလို ကိစ္စတွေကို အရင်မရှင်းပဲ အစိုးရမဖွဲ့သင့်ကြောင်းနဲ့ မဲခိုးခဲ့မှုကြောင့်ထောင်ထဲ မဝင်ချင်ဘူး” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံက အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ အောက်က အချက်တွေအရ သတင်းတုဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “ဒီသတင်းဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုဖြစ်ပါတယ်။ အခုနောက်ပိုင်း သတင်းစာဖြတ်ပိုင်းအတုတွေနဲ့ သတင်းတုရေးသားလာတာကိုလဲ သတိထားမိပါတယ်။ ကျွန်တော်လဲ ဒီလိုပုံစံမျိုးနဲ့ လုပ်ခံရပါတယ်။ သတင်းတုထဲက ဗဟိုအရေးပေါ်အစည်းဝေးခေါ်တယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဦးဝင်းထိန်လဲ ပါတီကနေ မထွက်ပါဘူး” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါ့အပြင် ၂၆ ရက်နေ့ ရက်စွဲနဲ့ မည်သည့် သတင်းစာမှလည်း ဒီလိုသတင်းမျိုးဖော်ပြခဲ့တာဆိုတာကို ရှာဖွေမတွေ့ရှိခဲ့ပါဘူး။NLD နာယက ဦးဝင်းထိန်နဲ့ပတ်သက်ပြီး အရင်တစ်ခေါက်ကလည်း “မဲမသမာမှုတွေအရင်ဖြေရှင်းပြီးမှ အစိုးရဖွဲ့ဖို့ဦးဝင်းထိန်ဖြေကြားခဲ့သလား” […]
ဒီသတင်းကို DHA NA-ဓန ဆိုတဲ့ ပေ့ချ်ကနေ ဒီနေ့ ည ၇နာရီအကျော်လောက်က တင်ထားခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေသူပေါင်း ၅၅၇၃ဦးအထိရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှ ယုံကနေ အချက်အလက်စစ်ဆေးကြည့်ရာမှာ အောက်က အချက်အလက်တွေ အရ သတင်းအမှားဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဘာကြောင့် သတင်းအမှားလို့ ပြောရလဲ ဆိုရင် •ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ ရုံးမှ သတင်းအမှားသာဖြစ်ကြောင်းတင်ထားတာကို ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ •ဖားကန့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှလည်း ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်ကြောင်း အဲ့ပေ့ချ်မှာ ဖော်ပြပေးထားပါတယ်။ •ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင် Union Election Commisionရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာလည်း သတင်းတုထဲမှာပါတဲ့အကြောင်းအရာအတိုင်း ပုံစံ (၃)ကို မနက်ဖြန် နိုဝင်ဘာ ၇ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း တင်ထားတဲ့ပိုစ့်ကို လုံးဝမတွေ့ခဲ့ရပါဘူး။ နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့သူတွေအတွက် […]