ဒီတစ်ခါမှာတော့ သတင်းတုဖြစ်ကြောင်း ပြန်လည်ဖော်ပြပေးချင်တဲ့ အကြောင်းအရာက Breaking new လို့ ခေါင်းစဉ်တပ်ထားပြီး “KIA ဗိုလ်ချုပ် လဇိန်ဘောက် KIA လိုင်ဇာ နိုင်ငံခြားဆက်ဆံရေးရုံး အိမ်သာအတွင်း လုပ်ကြံခံရ” ဆိုတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။
21 ရက်နေ့က စလို့ Facebook မှာ Video ဖိုင်တစ်ခုကတော်တော်လေးကြည့်ရှုသူများလာပြီး ပြန်လည်မျှဝေတာ တွေလည်း တော်တော်လေးကို များလာပါတယ်။ သတင်းတစ်ပုဒ်မှာ အရေးကြီးတဲ့ Video မှတ်တမ်းကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အရင်က Video ကိုယူသုံးထားတာပါ။
သူငယ်ချင်းတို့ရေ ဒီတစ်ခါ ပြောချင်တဲ့အကြောင်းကတော့ Min Thant Pyone Cho အကောင့်ကနေ 14 September မှာတင်ထားတဲ့ သတင်းအကြောင်းပါ။ ဒီသတင်းကတော့ သူပုန်တွေထောင်တဲ့ မိုင်းကြောင့် ခြေထောက်ပြတ်သွားလို့ဆိုပြီး မိန်းကလေးပုံနဲ့တွဲပြီး တင်ထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီ post ကို Share သူတွေဟာ 1.8k တောင်ရှိနေပါပြီ။ တကယ်တော့ ဒီပုံထဲကမိန်းကလေးဟာ မြန်မာပြည်က မဟုတ်ပါဘူး။ 2011 October 23 က ရှန်းဟိုင်းမြို့မှာ အထပ်မြင့် မိုးမျှော်တိုက်ကနေ မှန်နံရံပြိုကျပြီး ထိခိုက်သွားလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ မိန်းကလေးပုံပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ခြေထောက်ပြတ်သွားတယ် ဆိုပြီး သတင်းတုရေးသားတာဟာ တိုင်ရင်းသားလက်နက်ကိုင်တွေကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်တိုက်ခိုက်တဲ့ သတင်းတုပဲ […]
သူငယ်ချင်းတို့ရေ မြန်မာပြည်ရဲ့ မြောက်ဖျားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေပြင်းထန်မှုအပေါ် မူတည်ပြီး သတင်းတုတွေ အမြောက်အများ ထွက်ပေါ်နေပါတယ်။ တွေးပြီးမှယုံရဲ့ တွေ့ရှိချက်အရ လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့မှ သတင်းတုတွေ ဖြစ်ပေါ်သမျှအထဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA ၊ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့နဲ့ ပတ်သက်တဲ့ သတင်းတုတွေ သတင်းမှားတွေကတော့ အများဆုံးပါပဲ။ အခုအောက်မှာ ပြထားတဲ့ သတင်းအတုကလည်း TNLA နဲ့ ပတ်သက်တဲ့ သတင်းအတုပါ။ မူဆယ်ပြီးရင် ရန်ကုန်၊ မန္တလေးကို တိုက်မယ်ဆိုပြီး TNLA က ပြောတယ်ဆိုတဲ့ သတင်းအတုဟာ .. Like နဲ့ … share တောင်ရထားပြီးတော့ တော်တော်လည်း ပြန့်နေတာ တွေ့ရပါတယ်။ […]
သူငယ်ချင်းတို့ရေ KIA က နိုင်ငံရေးပါတီထောင်မယ်ဆိုပြီး April Fool လုပ်ကြတာအခုထိကို မပြီးနိုင်သေးတာကို #တွေးပြီးမှယုံက တွေ့ရပါတယ်။ တကယ်တော့ ဒါက အပြောင်အပျက်သဘောဆိုတာထက်ကို နိုင်ငံရေးလည်း ဆန်နေတာမို့လို့ April Fool သက်သက်လုပ်တယ်လို့တောင် ယုံရခက်ခက်ပါတယ်။ အခုထိလည်း share နေကြတော့ #တွေးပြီးမှယုံကနေ ဟာသလုပ်ထားတဲ့ သတင်းသာဖြစ်ကြောင်း ပြောပါရစေ။ သူငယ်ချင်းတို့ရေ ဘယ်သတင်းကိုပဲတွေ့တွေ့ #တွေးပြီးမှယုံက ခဏခဏပြောနေသလို ယုံကြည်ရတဲ့ သတင်းအရင်းမြစ်ဖြစ်မှသာ ယုံကြည်ကြပါလို့ပြောချင်ပါတယ်။
သူငယ်ချင်းတို့အနေနဲ့ ရကိ္ခုင်တပ်မတော်ထိပ်တန်းသတင်းများဆိုတဲ့ Page ကို မှတ်မိအုံးမယ် ထင်ပါတယ်။ ဒီပေ့ချ်အပါအဝင် Page တချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပုံဖျက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ….
အခုတခေါက် ပြောပြချင်တဲ့ အကြောင်းကတော့ အမှုမှန် မပေါ်သေးတဲ့ သတင်းကို အသုံးချပြီး ဝါဒဖြန့်မှုတွေလုပ်နေတဲ့အကြောင်းပါ။ သူငယ်ချင်းတို့အနေနဲ့ ရခိုင်တပ်မတော် ထိပ်တန်း သတင်းများ ဆိုတဲ့ Page ကို မှတ်မိအုံးမယ် ထင်ပါတယ်။ ဒီပေချ့်အပါအဝင် Page တချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို