သူငယ်ချင်းတို့ရေ….
ခုတစ်ခေါက် တွေးပြီးမှယုံ ရဲ့ တွေ့ရှိထားတဲ့သတင်းတုတစ်ခုဟာ ဆိုရင် နေစဥ်သတင်း ဆိုတဲ့ ပေ့ချ်ကနေ ဇွန်လ၊ ၉ရက်နေ့က “ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က AA အကြမ်းဖက် သောင်းကျန်းသူများရဲ့ လုပ်ရပ်ဆိုးရွားကြောင်း၊ ရခိုင်တိုင်းရင်းသားတချို့ကလည်း အစွန်းရောက်နေကြောင်း…..
“AA တပ်ရင်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမည်ဖြစ်ကြောင်း” Bangladesh Military Affairs Page မှာ ဖော်ပြထားတယ် ဆိုတဲ့ သတင်းတု တစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဒီသတင်းတုကိုတော့ ဇွန်လ (၁၁) ရက်နေ့မှာ Win Htein Oo ဆိုတဲ့အကောင့်ကနေ တင်ထားတာဖြစ်ပါတယ်။ သတင်းဖော်ပြချက်မှာတော့ Bangladesh Affairs Page က ဖော်ပြထား ……
ဇွန်လ ၁ ရက်နေ့က အောင်ဘာလေ ထီဖွင့်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မောင်နှမ ၂ ယောက် ထီဆုကြီး ပေါက်တယ်ဆိုတဲ့ သတင်းတွေလဲ ဆက်တိုက်ဆိုသလိုပဲ တတ်လာပါတယ်။ မောင်နှမ နှစ်ယောက် သူတို့မိသားစုတွေနဲ့ တွဲရိုက်ထားတဲ့ပုံကို အသုံးချပြီးတော့ ဖုန်းဘေလ်နဲ့ ပိုက်ဆံတွေကို Wave Money ကတဆင့် လှူဒါန်းသွားမယ်ဆိုတဲ့ သတင်းတုတွေကို Facebook Account, Page နဲ့ Group တွေကနေ အကွက်ကျကျလှည့်စားနေတာကို ကို ဖော်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတို့ရေ……. အခုတစ်ခေါက်ကတော့ MPT Myanmar နာမည်အသုံးပြုပြီး ဘာသာရေးအမုန်းပွားမှုများ၊ ဘာသာရေးပဋိပက္ခများဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတဲ့ ပေ့ချ်အတုတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီပေ့ချ်အတုဟာဆိုရင် ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့မှာ စတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံက လူလေးဦး စီမံခန့်ခွဲနေတယ်လို့ ဖော်ပြထားပါတယ်။ ဖုန်းအော်ပရေတာတစ်ခုဖြစ်တဲ့ MPT ရဲ့ အမည်ကို ယူသုံးထားပြီး ဖုန်းအော်ပရေတာနှင့် သက်ဆိုင်သည့် သတင်းများကို တင်ဆက်မှုမရှိပဲ သတင်းတုများ၊ ဘာသာရေးပဋိပက္ခများကို ဦးတည်စေနိုင်တဲ့ အမုန်းစကားတွေနဲ့ ဖုန်းဘေလ် ကံစမ်းမဲ ဖောက်ပေးသည့် သတင်းတုများကို တင်နေတဲ့ ပေ့ချ်အတုဟာဆိုရင် အခုလက်ရှိကို Like 50699, Follower 53435 ထိ ရှိနေပြီပဲဖြစ်ပါတယ်။ ပေ့ချ်မှာ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ တို့အကြား ပဋိပက္ခတွေကို ဦးတည်စေနိုင်တဲ့ အမုန်းစကား နဲ့ […]
The Voice Weekly ဆိုတဲ့ နာမည်နဲ့ page ဟာ သတင်းဌာနတွေရဲ့ သတင်းတွေကို ကူးယူဖော်ပြတဲ့နေရာမှာ မူရင်းသတင်းဌာနတွေရဲ့ နာမည်ကိုဖယ်ထုတ်ထားပြီး ကိုယ်ပိုင်မူရင်းသတင်းလို ပြန်လည်ကူးယူဖော်ပြထားပါ တယ်။ ဒီလိုသတင်းတွေကို ကူးယူဖော်ပြမှု နဲ့ပတ်သတ်ပြီး နိရဉ္စရာသတင်းဌာနက ပြန်လည်တုန့်ပြန်ထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ယခုလည်း DVB က ပါမောက္ခချုပ် နုတ်ထွက်ပေးရန် ပြည်တက္ကသိုလ်ကျောင်းသား များဆန္ဒပြ ဆိုတဲ့သတင်းကိုလည်း မူရင်းသတင်းဌာနကို ဖယ်ရှားပြီး ပြန်လည်ကူးယူဖော်ပြထားပါတယ်။ သူငယ်ချင်းတို့လည်း ဒီလို သတင်းစာမျက်နှာတွေကို သတိထားမိအောင် တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါ တယ်။ #တွေးပြီးမှယုံ
ဒီတခါပြောပြချင်တာကတော့ Page အတုအကြောင်းပါ။ ဒီပေ့ချ်က ဦးဝင်းထိန်ဆိုတဲ့ နာမည်နဲ့ ပေ့ချ်ပါပဲ။ ဒီပေ့ချ်နဲ့ ပတ်သတ်ပြီး အရင်တခါကလဲ Admin တို့ပြောပြဖူးပါတယ်။ ဒီပေ့ချ်အတုကနေဦးဝင်းထိန်အယောင်ဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအရေးများနှင့်ပက်သတ်ပြီး