သူငယ်ချင်းတို့ရေ….
ခုတစ်ခေါက် တွေးပြီးမှယုံ ရဲ့ တွေ့ရှိထားတဲ့သတင်းတုတစ်ခုဟာ ဆိုရင် နေစဥ်သတင်း ဆိုတဲ့ ပေ့ချ်ကနေ ဇွန်လ၊ ၉ရက်နေ့က “ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က AA အကြမ်းဖက် သောင်းကျန်းသူများရဲ့ လုပ်ရပ်ဆိုးရွားကြောင်း၊ ရခိုင်တိုင်းရင်းသားတချို့ကလည်း အစွန်းရောက်နေကြောင်း…..
သူငယ်ချင်းတို့ရေ…. သတင်းအတုတွေက မရပ်မနားပျံ့နှံ့လို့နေပါတယ်။ ဒီတစ်ခါမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ကာမလိမ်လည်ရယူတယ်ဆိုပြီး ဖော်ပြထားတဲ့ သတင်းတုတစ်ပုဒ်အကြောင်းကို တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။ (၁) အောက်တိုဘာ ၂၉ရက် ညနေပိုင်းက တင်တဲ့ ဒီသတင်းအတုမှာ NLD ပါတီ ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ကာမလိမ်လည်ရယူတယ်လို့ဖော်ပြထားပြီး အမျိုးသမီးတစ်ဦးရဲ့ပုံကိုပါ ဖော်ပြထားပါတယ်။ ဒါပေမယ့် တွေးပြီးမှယုံက တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါ အဲဒီအမျိုးသမီးရဲ့ဓာတ်ပုံဟာ ဖိလစ်ပိုင်သတင်းတစ်ပုဒ်က သတင်းဓာတ်ပုံသာလျှင်ဖြစ်ကြောင်းတွေ့ရှိရပါတယ်။(တွေးပြီးမှယုံက ဒီသတင်းတုအကြောင်းရေးနေစဉ် အတောအတွင်းမှာတင် facebook က ဒီသတင်းတုကို ဖယ်ရှားလိုက်တာကိုတွေ့ရပါတယ်) (၂) လွန်ခဲ့တဲ့သုံးရက်လောက်က ဦးမျိုးရန်နောင်သိမ်းဟာ NLD အစိုးရကို ပြိုလဲအောင်စနစ်တကျလုပ်ဆောင်နေတဲ့ လူ ၃၀၀၀ လောက်ရှိတဲ့အင်အားကြီးအဖွဲ့တစ်ဖွဲ့ရှိတယ်လို့ တရားဝင်သတင်းဌာနအချို့မှာ ပြောကြားထားတာရှိပြီး ဒီပြောစကားကိုအခြေပြုထားတဲ့သတင်းတွေရဲ့နောက်မှာ ဦးမျိုးရန်နောင်သိမ်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အခုလိုသတင်းတုတွေပေါ်ပေါက်လာတာလို့လည်း တွေးပြီးမှယုံကသုံးသပ်ပါတယ်။ […]
ဒီတစ်ခါမှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်က သိန်း၂၀ပေးပြီး ကျေးရွာတွေကို သွားကာ မဲဆွယ်နေတယ်ဆိုတဲ့ သတင်းတု တစ်ပုဒ်အကြောင်းကို တွေးပြီးမှယုံက ဖော်ထုတ်လိုက်ပါတယ်။ ဒီသတင်းတုကိုလည်း အမြဲသတင်းတုတွေတင်နေကျ VOM ဆိုတဲ့ Facebook Page ကနေတင်နေတာဖြစ်ပြီးLike ပြုလုပ်သူ ၅၀၀ ကျော် …..
သူငယ်ချင်းတို့ရေ…… ဒီတစ်ခါမှာလည်း၊ တိုင်းအစိုးရရဲ့ ပေးစရာရှိတဲ့အကြွေးတွေကို ပြည်သူတွေတစ်ယောက် ၁၅၀၀နှုန်းနဲ့ ကူညီဆပ်ပေးကြပါလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကပြောတယ်ဆိုတဲ့ သတင်းတုတစ်ပုဒ်ကို တွေးပြီးမှယုံက ဖော်ထုတ်လိုက်ပါတယ်။ ဒီ ဂျင်းသတင်းကို Share ပြုလုပ်သူ ၉၁၀၀ ကျော်၊Comment ပေးတဲ့သူ ၆၈၀၀ ကျော်၊ Like လုပ်တဲ့သူ ၁ သောင်းကျော် အထိရှိနေပါပြီ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က YBS ကားတွေဝယ်ဖို့ ဘဏ်တွေကနေ ချေးယူထားတဲ့ငွေတွေကို ပြည်သူတွေ တစ်ယောက် ၁၅၀၀ နှုန်းနဲ့ ကူဆပ်ပေးရမယ်ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ပုံနဲ့ သူပြောထားသယောင် စကားပြော (quote) တွေကို အသုံးပြုပြီး သတင်းတုက ဖော်ပြထားပါတယ်။ ဒီသတင်းဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YBS ကားတွေဝယ်ယူဖို့ လွှတ်တော်ကိုအသိမပေးဘဲ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် ၅ ဘီလီယံခွဲ၊ ဧရာဝတီဘဏ်ကနေ ကျပ် […]
သူငယ်ချင်းတို့ရေ ဒီတစ်ခါမှာတော့ ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံအလေးမပြုတဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပြီဆိုတဲ့သတင်းတုတစ်ခုကို သူငယ်ချင်းတို့မယုံမိအောင် တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။ ဒီသတင်းတုဟာ Like ၅ထောင်ကျော်၊ comment ၁၅၀၀ကျော်နဲ့ Share ၅၇၀၀ကျော်ရှိနေပါပြီ။ ဒီသတင်းတုမှာ အောက်တိုဘာ ၂ရက်ညက နာနာဘာ၀ ချစ်သူရုပ်ရှင်ဇာတ်ကားကြီးအထူးပွဲလာကြည့်ပြီး နိုင်ငံတော်အလံအလေးမပြုတဲ့ လူငယ် (၁၄) ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၃နာရီအတွင်းရှာဖွေဖမ်းဆီး လိုက်တယ်လို့ဖော်ပြထားပါတယ်။ ဒီသတင်းတုမှာဖော်ပြထားတဲ့ ဓာတ်ပုံရော သတင်းပါ မှားယွင်းနေတာဖြစ်ပြီး တွေးပြီးမှယုံက တိုက်ဆိုင်စစ်ဆေး ထားတဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ – ဖော်ပြထားတဲ့ဓာတ်ပုံနှစ်ပုံအနက် တစ်ပုံက Mandalay Police (မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့)ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အနှိပ်ခန်းက အမျိုးသား ၊အမျိုးသမီးတွေရဲ့ဓာတ်ပုံဖြစ်ပါတယ်။သတင်းတုမှာဖော်ပြထားသလို ရုပ်ရှင်ရုံမှာ နိုင်ငံတော်အလံ အလေးမပြုလို့ […]
ရွှေတိဂုံဘုရားနဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုးကို အွန်လိုင်းပေါ်မှာ သူငယ်ချင်းတို့တွေ့မိနေကြမှာပါ။ အခုလည်း “ရွှေတိဂုံစေတီတော်မှ ခွာယူထားသော ရွှေစင်ပြားများအား ပြန်လည်သန့်စင်ကာ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကပ်လှူပူဇော်သွားမည်” ဆိုတဲ့ သတင်းအတုဟာ လူမှုကွန်ယက်မှာ တော်တော်လေးကို ပြန်နှံ့နေပါတယ် ….
သတင်းအတုတွေ ပြုလုပ်သူတွေဟာ ဟော့ပ်ဖြစ်နေတဲ့ ကိစ္စတွေကို အသုံးချပြီး သတင်းအတုတွေကို ဖန်တီးကြပါတယ်။ အခုပြထားတဲ့ “တစ်သောင်းတန်နှင့်ငါးထောင်တန် ငွေစက္ကူများ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အကြံပြုစာကို NLD ပါတီမှ လွှတ်တော်သို့ပေးပို့မည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဟာ ဒေါ်လာဈေးမြှင့်တတ်နေတာနဲ့ ပတ်သတ်ပြီး အချိန်ကိုက်ထွက်ရှိလာတဲ့ သတင်းအတုပဲဖြစ်ပါတယ်။ သတင်းအတုဖြစ်ကြောင်းသေချာစေတဲ့ အချက်တွေကတော့ ….
သတင်းအမှား အတင်းအတုတွေနဲ့ ပတ်သတ်ပြီး သတိထားဖို့ ပြောပြခဲ့ဘူးသလို photoshop တွေနဲ့ ပုံတွေပြုပြင် ထားတွေကိုလည်း သတိထားမိဖို့ တွေးပြီးမှယုံ ကနေ ပြောပြခဲ့ဖူးပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ သတင်းဓာတ်ပုံအမှားဟာ တကယ်တော့ 7Day News Journal က သတင်းစာမျက်နှာဖုံးကို ယူသုံးထားပြီးတော့ ပုံပြုပြင်ထားတာပါ။ ပြင်ထားတဲ့ ပမာဏက အများကြီး မဟုတ်ပဲ စာလုံးလေး တစ်လုံးထဲ ဆိုပေမယ့် အဓိပ္ပါယ်တွေ အများကြီး လွဲသွားနိုင်တာပါ။ သူငယ်ချင်းတို့လည်း ဒီလို ဓာတ်ပုံအမှားတွေနဲ့ ပြုပြင်ထားတာတွေကို သတိပြုမိအောင် တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါတယ်နော်။ အောက်မှာကတော့ သတင်းအမှန်ကို ဖော်ပြထားတဲ့ 7 Day Daily ရဲ့ မျက်နှာဖုံးစာမျက်နှာကို ဓာတ်ပုံနဲ့ဖော်ပြထားပါတယ်။
ငွေစက္ကူနဲ့ ပတ်သတ်ပြီး သမ္မတရုံးအမိန့်စာဆိုပြီး ကြေညာချက်အတုထွက်ခဲ့ပါတယ်။ ကြေညာချက်ဟာ တော်တော်လေးပြန်နှံ့ခဲ့ပြီး ဒီကြေညာချက်နဲ့ပတ်ပြီး ဦးဇော်ဌေးရဲ့ တရားဝင်သတင်းစာမျက်နှာမှာလည်း အမိန့်တု စတင်ဖြန့်ဝေသူကို ဥပဒေနဲ့အညီ အရေးယူဖို့ ဖော်ပြထားပါတယ်။
ယခုချိန်ထိတော့ ဒီကြေညာချက်အတုကို ပြန်လည်ကူးယူဖော်ပြသူတွေနဲ့ တချို့ page တွေဟာ ဖျက်ပြစ်လိုက်တာတွေ တွေ့ရပါတယ်။
သူငယ်ချင်းတို့လည်း ဒီလိုသတင်းအတုတွေ …..
တွေးပြီးမှယုံ အနေနဲ့ ဒီမနက် ပြောပြချင်တဲ့ သတင်းတု တစ်ခုက 18.7.18 ရက်နေ့က နာမည်ကြီးသွားတဲ့ National League for Democracy News ဆိုတဲ့ Page က တင်ထားတဲ့ “NLD ပါတီ၏ စီးပွားရေးပညာရှင်များခန့်မှန်းချက်အရ ၂၀၂၀ တွင်
မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း စင်ကာပူထက်သာလွန်မည်” ဆိုတဲ့ သတင်းပါ။
ဒီသတင်းက အတု ဖြစ်နေတယ်ဆိုတဲ့ အကြောင်းနဲ့ ဒီလို သတင်းတု တင်တဲ့ Page ကို …..