ဒီတစ်ခါမှာလည်း မလေးရှားနိုင်ငံ အီပိုမြို့၊ မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ ရခိုင်ပြည်က ကုလားတွေက ကျောင်းထိုင်ဆရာတော်ကို လာရိုက်တယ်ဆိုပြီး လူမျိုးရေး၊ ဘာသာရေး ဆူပူအောင်လှုံ့ဆော်နေတဲ့ဖွသတင်းတစ်ခုကို …
NLD လွှတ်တော်ကိုယ်စားလှယ်ကနေပြီး ကျောက်တော်နဲ့ ရန်ကုန်ကို မူဆလင်တွေ ခိုးသယ်လာတယ်လို့ ဖွထားတဲ့ သတင်းတုတစ်ခုဟာ ဖေ့ဘုတ်မှာ အတော်လေး ပြန့်နှံ့နေတာကို တွေးပြီးမှယုံက တွေ့ရပါတယ် သူငယ်ချင်းတို့ရေ။
Freedom News Group ဆိုတဲ့ Page တစ်ခုကနေ ဒေါ်လာဈေးမြင့်တက်မှုနဲ့ အချိန်ကိုက်ပြီးတော့ ကောလာဟလတစ်ခု အချိန်ကိုက်ထုတ်ခဲ့တာကို တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။ ဒီ Page ကနေ အခုအောက်မှာပြထားတဲ့ ပိုစ့်ကို ငွေကုန်ခံ Boost လုပ်ထားပြီး လူတွေကြားမှာ ပြန့်နှံ့မှုအားကောင်းအောင် စနစ်တကျ လုပ်နေတာကို သတိထားမိပါတယ်။
ဒီကောလဟာလနဲ့ ပတ်သက်ပြီး ပြောနိုင်တာက ဒီ Page ဟာ ယုံကြည်ရတဲ့ …
ဒီနေ့ ဖော်ပြချင်တဲ့ သတင်းမှား တစ်ခုက တော့ “NLD ပြည်သူ့အစိုးရ အာဏာသိမ်းခံရပါက အဓိကတရားခံများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း ဦးဝင်းထိန်ပြောပြီ” ဆိုပြီး ကောလဟာလ ဖြန့်နေကြတာပါ။ 😒😒
“သူငယ်ချင်းတို့ရေ…. ဗုဒ္ဓဘာသာ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ ရင်နင့်စရာဖြစ်ရပ်ဆိုတဲ့ စာတစ်ခုက လူမှုကွန်ယက်ပေါ်မှာ တော်တော်လေး ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွေးပြီးမှယုံကို တချို့ သူငယ်ချင်းတွေက မက်ဆင်ဂျာကနေ လာမေးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အချက်အလက်များ မှန်ကန်ခြင်းရှိမရှိကိုတွေးပြီးမှယုံက ဆက်သွယ် အတည်ပြုခဲ့ပါတယ်။ တွေးပြီးမှယုံရဲ့ မေးမြန်းအတည်ပြုချက်အရ အမက (၃၂) ကို ပြုပြင်နေချိန်မှာ ကျောင်းသား/သူတွေကို ဓမ္မာရုံအပါအဝင် သုံးနေရာခွဲပြီး သင်ကြားနေရတာဟာ ကျောင်းသား/သူတွေအတွက်ကော ဆရာ၊ ဆရာမတွေအတွက်ပါ အဆင်မပြေတဲ့အတွက် ပညာရေးမှူးက ဘာသာရေးကျောင်းကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ကျောင်းသား/သူတွေအတွက် ပြောင်းရွှေ့သင်ကြားရမယ့်နေရာမှာ ပညာသင်ကြားဖို့ အဆင်ပြေမပြေကို ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး တိုင်ပင်ခဲ့ပြီး ကျောင်းသားမိဘ အများစုက အဆင်ပြေတယ်လို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဆရာမကြီးက […]
သူငယ်ချင်းတို့ရေ ပြန်ကြားရေးဝန်ကြီးနဲ့ ဖေ့ဘွတ်ခ်ကုမ္ပဏီတို့ ဇွန်လ ၅ ရက်နေ့က တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းဟာ သူငယ်ချင်းတို့ သိပြီးဖြစ်ကြမှာပါ။ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာတွေက ကြမ်းတမ်းရိုင်းပြစွာ ရေးသားပြောဆိုမှုတွေ၊ အမုန်းစကားရေးသား ဖြန့်ဝေမှုတွေနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားစေနိုင်တဲ့ လှုံ့ဆော်ရေးသားမှုတွေအပေါ် ထိန်းကျောင်းဆောင်ရွက်ပေးဖို့ ဆွေးနွေးပြောဆိုကြပါတယ်။ ဒီသတင်းကို Excellent News Agency က ပြန်လည်ဖော်ပြတဲ့အခါမှာ လက်ရှိအစိုးရအား ဝေဖန်တိုက်ခိုက်သည့် Post များတင်နေသော Account များအား ပိတ်သိမ်းပေးနိုင်ရေးအတွက် မြန်မာအစိုးရမှ Facebook ကုမ္ပဏီအား ကမ်းလှမ်းထားမှုအပေါ် Facebook မှ လက်ခံခဲ့တယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ အကြောင်းအရာ သတင်းရင်းမြစ်တွေကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပြီး ပြန်လည်ဖော်ပြ ထားပါတယ်။ အခုလို သတင်းအမှားတွေ ဖန်တီးပြီး ရေးသားဖော်ပြတဲ့ သတင်းတွေကို သူငယ်ချင်းတို့သိရအောင် ဖော်ပြပေးလိုက်ပါတယ်။ […]
သတင်းတွေကို ဖတ်တဲ့အခါ၊ စစ်ဆေးတဲ့အခါမှာဘယ် နေရာ၊ ဘယ်နေ့ ဘယ်ချိန်၊ ဘယ်သူ့ပြောစကား စတာတွေကိုစစ်ဆေးကြည့်ဖို့ တွေးပီးမှယုံကနေ ခဏခဏ ပြောပြဖူးပါတယ်။ သတင်းတွေမှာ သတင်းတုလုပ်လို့အကောင်းဆုံးက …