ဩဂုတ်လ ၆ ရက်နေ့က စတင်ပြီး ဗီယက်နမ်နိုင်ငံမှာ တရက်တည်းနဲ့ လူဦးရေ ၁၅၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတုဟာ လူမှုကွန်ရက်စာမျက်နှာပေါ် မှာ ပျံ့နှံ့နေပါတယ်။ “စိုင်း ဆမ် စိန်” အမည်ရှိအကောင့်တစ်ခုကနေ ဩဂုတ်၊ ၆ရက်နေ့၊ ညနေ ၅ နာရီ မှာ ဒီသတင်းတု ကို တင်ထားခဲ့ပြီး တွေးပြီးမှယုံက တွေ့ရှိချိန်မှာ ပြန်လည်မျှဝေသူပေါင်း ၁၈၁၅ ဦး ရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်တဲ့အခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ထုတ်ပြန်ချက် အရ ဗီယက်နမ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူပေါင်း အတည်ပြုပြီးဦးရေ (၈၄၁) ဦးနှင့် သေဆုံးသူ (၁၃) ဦး ရှိကြောင်း ဖော်ပြထားပါတယ်။ စိုင်း ဆမ် စိန် […]
21 ရက်နေ့က စလို့ Facebook မှာ Video ဖိုင်တစ်ခုကတော်တော်လေးကြည့်ရှုသူများလာပြီး ပြန်လည်မျှဝေတာ တွေလည်း တော်တော်လေးကို များလာပါတယ်။ သတင်းတစ်ပုဒ်မှာ အရေးကြီးတဲ့ Video မှတ်တမ်းကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အရင်က Video ကိုယူသုံးထားတာပါ။
လက်တင်အမေရိက၏ အကြီးဆုံး ဒီမိုကရေစီသည် အကြမ်းဖက်မှုများ၊ လိမ်လည်မှု ကောလာဟလအဆိုးရွားများနှင့် အွန်လိုင်းမှ မှားယွင်းနေသော သတင်းအချက်အလက်များဖြင့် မဲဆွယ်စည်းရုံးမှုလုပ်နေသော သမ္မတကို ရွေးကောက်မိသည့် အခြေအနေကို ရောက်သွားသည်။
သူငယ်ချင်းတို့ရေ…. မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ထုတ်လာတဲ့ ဗွီယိုဖိုင်ကို တော်တော် လေးဖြန့်ဝေကြတာ သူငယ်ချင်းတို့လည်း သိပြီးဖြစ်မှာပါ။ ဒါနဲ့ ပတ်သတ်ပြီး Yan Aung ဆို့တဲ့ အကောင့်က တင်ထားတာကို သူငယ်ချင်းတို့ သိရအောင် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ မယ်ဆိုင်ဂူထဲက လူငယ်တွေကို ကယ်ထုတ်လာပုံဆိုပြီး ဖြန့်ဝေနေကြသူများ သိနိုင်ရန်အတွက်ပါ။ Facebook သုံးရင် ချင့်ချိန်သုံးတတ်ဖို့လိုပါတယ်။ တကယ်တော့ ဒီပုံက ၂၀၁၀ ခုနှစ် ဇွန်လ(၂၀) ရက်နေ့က Youtube မှာ Daniel Penez က တင်ထားခဲ့တဲ့ မှတ်တမ်းဗွီဒီယိုထဲက မြင်ကွင်းပါ။ သူငယ်ချင်းတို့ youtube မှာ တင်ထားတဲ့ မူရင်းဖိုင်ကိုကြည့်လို့လည်းရပါတယ်။ #Credit to Yan Aung
သူငယ်ချင်းတို့ရေ ဒီတစ်ခေါက်လည်း Excellent News Agency ကတော့ သတင်းတုတွေ လုပ်ချလိုက်ပြန်ပါပြီ။ သူငယ်ချင်းတို့ သတိလက်လွတ်ဖြစ်ပြီး အမှားကြီးကို ယုံမိမှာကို တွေးပီးမှယုံ ကနေစိုးရိမ်မိပါတယ်။ အခုလည်း သီရိလကာၤနိုင်ငံ စစ်တပ်သတင်းဝက်ဆိုက်မှ သတင်းတစ်ခုကို Excellent News Agency က ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာ ဘာသာပြန်ဖော်ပြထားပါတယ်။ ဒါကလည်း ဂျင်းထည့်လို့ကောင်းတဲ့ ဂျင်းသတင်းလုပ်နည်းတစ်ခုပါပဲ။ ဒီသတင်းမှာ အကိုးအကားနဲ့ဖော်ပြထားတာ မတွေ့ရသလို၊ ဘယ်နေ့ ဘယ်ချိန်မှာ ဘယ်နေရာမှာ ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတာကိုလည်း သေချာဖော်ပြထားတာမရှိပါဘူး။ သူတို့ရဲ့ပုံကို Reverse Image Search နဲ့ ရှာလိုက်တော့ သီရိလကၤာစစ္တပ္ ရဲ့ ဝက်ဆိုက်မှာ သွားတွေ့ပါတယ်။ အဲ့ဒီမှာ သတင်းမှန်ကတော့ မတ်လ ၈ နေ့က “သီရိလင်္ကာနိုင်ငံ စစ်တပ်မှ တာဝန်ရှိသူတွေက အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ […]