Home>>KIA

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမှာ KIA ထံ လက်နက်ချလိုက်တဲ့ စစ်ကောင်စီတပ်များဟု ဆိုကာ ပုံဟောင်းများ ပြန့်နှံ့နေ

KIA August 30, 2021

614 Views

ဒီကနေ့ ဩဂုတ် ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးတွင် KIA ထံလက်နက်ချလိုက်တဲ့ စစ်ကောင်စီတပ်သားများ လို့ ရည်ညွှန်းထားပြီး ပုံအတုတွေကို အသုံးပြုထားတဲ့ သတင်းတစ်ခု ပြန့်နှံ့နေပါတယ်။ ဒီသတင်းတုကို ဦးရဲ ဆိုတဲ့ ဖေ့ဘုတ်အကောင့်တစ်ခုက ဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူ ၅၀၀ ကျော်နေပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူများလည်း အများအပြားရှိနေခဲ့တာပဲ ဖြစ်ပါတယ်။   ဒီသတင်းမှာပါတဲ့ ပုံကို စစ်ဆေးကြည့်ရာမှာတော့ ၂၀၂၀ ခုနှစ် ဧပြီလက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ တရားဆွဲရန် ဖမ်းဆီးခေါ်ဆောင်လာတဲ့ အရပ်သားများကို စစ်တပ်ဘက်မှ နှိပ်စက်တဲ့ ပုံတွေပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ၂၀၂၀ ဧပြီလမှာပဲ Myanmar Now က “ရေယာဉ်ပေါ်တွင်ညှဉ်းပန်းနှိပ်စက်မှု မှန်ကန်ကြောင်း တပ်မတော်ဝန်ခံ” ဆိုတဲ့သတင်းအပြင် “ရေယာဉ်ပေါ်ထိုးကြိတ်ကန်ကျောက်ခံရသူ […]

“KIA ဗိုလ်ချုပ် လဇိန်ဘောက် အိမ်သာအတွင်းသေဆုံးလျက် တွေ့ရှိ” ဆိုတဲ့ သတင်းတု

KIA November 18, 2019

1852 Views

ဒီတစ်ခါမှာတော့ သတင်းတုဖြစ်ကြောင်း ပြန်လည်ဖော်ပြပေးချင်တဲ့ အကြောင်းအရာက Breaking new လို့ ခေါင်းစဉ်တပ်ထားပြီး “KIA ဗိုလ်ချုပ် လဇိန်ဘောက် KIA လိုင်ဇာ နိုင်ငံခြားဆက်ဆံရေးရုံး အိမ်သာအတွင်း လုပ်ကြံခံရ” ဆိုတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။