ဒီလို ဗီဒီယိုဖိုင်အဟောင်းတွေ ပြန့်နှံ့ပြီး မကြာခင်မှာပဲ ဖျာပုံစျေးမီးလောင်နေတယ် ဆိုတဲ့ သတင်းတုတွေ ထွက်ပေါ်ခဲ့ပါတယ်။ Speak Out လုပ်ဖို့နဲ့ အတည်ပြုပေးဖို့ တင်နေကြတာတွေ ရှိခဲ့ပါတယ်။
ယင်းသတင်းတုတွေမှာ ဖြန့်ဝေနေကြတဲ့ ဖျာပုံဈေးကြီး မီးလောင်၊ ထက်ဝက်ဆုံးရှုံးဆိုတာ ယခု ဖြစ်တာမဟုတ်ပဲနဲ့ ဖေဖော်ဝါရီ၊ ၂၀ ရက်နေ့ ညနေ့ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်လည်း လှိုင်သာယာ၊ ကယားပြည်နယ် စတဲ့ ဒေသတွေမှာဖြစ်ခဲ့တဲ့ စစ်ကောင်စီက ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတဲ့ ရုပ်သံဖိုင်တွေကို အခုပဲ ဖြစ်ပွားနေသယောင် ဖြန့်ဝေလာကြပါတယ်။