Google ရဲ့ Youtube Channel မှာတင်ဆက်ထားတဲ့ “Tip 1: Think Before You Share” – မဝေမျှခင် အရင်စဉ်းစားသင့်တဲ့ အကြောင်းကို တွေးပြီးမှယုံမှ ဆီလျှော်သလို ဘာသာပြန် တင်ဆက်ထားပါတယ်။ Reference: (Link)
သူငယ်ချင်းတို့ရေ…. ဒီတခေါက်မှာတော့ သတင်းတုကို စိစစ်ဖို့လိုအပ်တဲ့ ‘C’ ၅ လုံးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီ အကြောင်းကိုတော့ John Spencer က ရှင်းပြထားတာဖြစ်ပြီး တွေးပြီးမှယုံမှ ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
21 ရက်နေ့က စလို့ Facebook မှာ Video ဖိုင်တစ်ခုကတော်တော်လေးကြည့်ရှုသူများလာပြီး ပြန်လည်မျှဝေတာ တွေလည်း တော်တော်လေးကို များလာပါတယ်။ သတင်းတစ်ပုဒ်မှာ အရေးကြီးတဲ့ Video မှတ်တမ်းကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အရင်က Video ကိုယူသုံးထားတာပါ။
ဆိုရှယ်မီဒီယာ သတင်းမှားကြောင့် အသက်ဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး BBC က သတင်း ဗွီဒီယိုဖိုင်ကို သူငယ်ချင်းတို့ လေ့လာလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။
တွေးပြီးမှယုံက သတင်းတုတွေကို ဖော်ထုတ်ပေးနေကျဆိုတော့ တွေးပြီးမှယုံရဲ့ အတွေ့အကြုံအရ သိလာတဲ့ သတင်းတု/သတင်းမှားတွေကို သတင်းတုပြုလုပ်သူတွေက ဘယ်သို့ ဘယ်ပုံ လုပ်ကြသလဲ ဆိုတာကို ပြောပြ ချင်ပါတယ်။
ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain တခါက ပြောဖူးတယ် “အမှန်တရားက ဖိနပ်စီးနေတုန်းပဲရှိဦးမယ် အလိမ်အညာတစ်ခုကတော့ ကမ္ဘာတစ်ခြမ်းကိုတောင် ရောက်နေလောက်ပြီ” တဲ့။ သဘောတူလား သူငယ်ချင်းတို့။
အချိန်ကိုက် ဂျင်းသတင်းတွေကို သတိထားကြပါ။ ကံစမ်းမဲဖောက်ပေးမယ်။ လက်ဆောင်တွေရမယ်ဆိုတဲ့ ဒီလို ဂျင်းပေ့စ်တွေကို မယုံကြည်ကြပါနဲ့။ Like, Share, Comment တောင်းပြီး ကောင်းကောင်းဂျင်းထည့်နေတဲ့ ပေ့ချ်တွေဟာ ဖေ့ဘွတ်မှာ တော်တော်များများ ရှိပါတယ်။