ချင်းပြည်နယ်၊ ကလေးမြို့က ကျောင်းဆရာမ တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF အဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သတင်းတု တခုပြန့်နှံ့နေပါတယ်။ သတင်းတုရဲ့ ရေးသားချက်မှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အလယ်တန်းကျောင်းဆရာမ ဒေါ်ရီရီခိုင် အသက် (၄၂) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ PDF အကြမ်းဖက်သမားတွေရဲ့ သေနတ်နှင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့အကြောင်း ဒေသခံအရင်းအဖြစ်ထံက သိရှိရတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းကို Like & react ပြုလုပ်သူ ၇၃၇ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၉ ယောက်ရှိနေပါပြီ။ ဒီသတင်းကိုပဲ ထပ်ဆင့်ကူးယူဖော်ပြပြီး ဖြန့်ဝေနေတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။ ဒီသတင်းတုနဲ့ ပတ်သက်လို့ တွေးပြီးမှယုံက အချက်အလက်စစ်ဆေးလိုက်တဲ့အခါ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ […]
ဒီဇင်ဘာလထဲမှာ ချင်း၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ဧရာဝတီ၊ တနင်္သာရီ စတဲ့ တိုင်းနှင့်ပြည်နယ်တွေကို စစ်တပ်ဘက်က လေကြောင်းသုံးထိုးစစ်ဆင်မှုတွေကို အဆင်ခြင်မဲ့ပြုလုပ်ခဲ့တာတွေ အများအပြားရှိခဲ့ပါတယ်။ ဒီလို ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်ဆီးရတာတွေ၊ လူတွေနဲ့ တိရိစ္ဆာန်တွေ သေကြေပျက်ဆီးတာတွေ အများအပြားဖြစ်ခဲ့ရပါတယ်။ ဒီလို ဖြစ်ရပ်တွေနဲ့ တဆက်တည်းမှာပဲ တခြားနေရာတွေက ဓါတ်ပုံတွေနဲ့ နိုင်ငံရပ်ခြားက ပုံတွေကို သုံးပြီးတော့ ဖြစ်စဥ်တွေကို ရောနှော ဖြန့်ဝေတာတွေ ရှိလာပါတယ်။ ဒီလို ပုံတွေနဲ့ သတင်းတွေကို “Marry Christmas from Burma စစ်ကိုင်း၊မကွေး ကျွန်မတို့အညာမြေမှာ… ရွာတွေပြာကျတဲ့အထိ ယနေ့…”ဆိုပြီး ပုံတွေနဲ့ဖော်ပြထားတာကိုတွေ့ခဲ့ရပါတယ်။ သတင်းကို Super Hero Gen Zဆိုတဲ့ page ကတင်ထားပြီး Like & […]
“မြန်မာ့တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ပျက်ကျ သုံးဦးသေဆုံး” ဆိုတဲ့ သတင်းတုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook မှာ အတော်လေးကို ပြန့်နှံ့နေပါတယ်။ သတင်းတုကို Zin Min ဆိုတဲ့ အကောင့်က ဇွန်လ၊ ၁၅ရက်နေ့ က တင်ထားတာကို တွေ့ရပါတယ်။ သတင်းတုမှာတော့ “မိတ္ထီလာ-တောင်ငူ-မှော်ဘီ ခရီးစဉ်သွားတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ပျက်ကျတယ်” လို့ဖော်ပြထားပါတယ် ….
ဒီတခေါက်ပြောပြပေးသွားမှာကတော့ “ညီမျှမှုမရှိတဲ့ တပ်မတော်မကြာခင်ပြိုကွဲမှာပဲ” လို့ MIPS မှ Executive Director ဒေါက်တာမင်းဇော်ဦးပြောကြားတယ် ဆိုတဲ့ သတင်းတု တပုဒ်အကြောင်းပဲ ဖြစ်ပါတယ်။ သတင်းတုမှာ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အောက်ခြေစစ်သားတို့အကြား အကျိုးခံစားခွင့်ကွာဟချက်တွေ ကြောင့် မကြာခင်တပ်မတော် ပြိုကွဲသွားနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူ ဒေါက်တာမင်းဇော်ဦးကပြောပါတယ် လို့ ရေးသားထားတာပါ။ ဒါ့အပြင် အဆိုပါပြောကြားချက်ကို …..
အခုတခေါက်မှာတော့ ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော် (ARSA) သူပုန် (၁၀၀) ကျော်ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတုအကြောင်းကို ဖော်ထုတ်ပေးထားပါတယ်နော်။
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ထွက်လာတဲ့ သတင်းတု တစ်ခုကတော့ AA အဖွဲ့က လူ၃ ဦးကိုသတ်ဖြတ်တယ် ဆိုတဲ့ သတင်းဓါတ်ပုံ အတုဖြစ်ပါတယ်။ ဒီသတင်းတုကိုတော့ တပ်မတော်စစ်သတင်းများ နှင့် တပ်မတော်ချစ်မြတ်နိုးသူများ ဆိုတဲ့ Facebook Page ကနေ တင်ထားတာဖြစ်ပြီးတော့ ပျံ့နှံ့မှုကတော့ Like (693),Comment (144), Share (400) ရှိနေပါပြီ။
သူငယ်ချင်းတို့ရေ…… တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံတဲ့အနေနဲ့ CCTV 9 မှာ ၂၄နာရီတောင် ဂုဏ်ပြုတယ်ဆိုပြီး သတင်းတစ်ခုကို လူမှုကွန်ရက်စာမျက်နှာမှာဖြန့်ဝေနေတာကို တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းမှားကို Like ပြုလုပ်သူ တစ်ထောင်ကျော်နဲ့ Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိနေပါပြီ။ ဒီသတင်းတုမှာ LED TVနဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပုံကို တရုတ်နိုင်ငံမှာ ၂၄နာရီထုတ်လွှင့်ပြသခဲ့ပြီး တရုတ်ပြည်သူလူထုအကြားကြည်ရှု့သူ သန်း၈၀၀ကျော်ခဲ့တယ်လို့ဆိုထားပြီး၊ တရုတ်ကနေ မြန်မာကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာသန်း၅၀၀ အနှစ်၂၀ အတိုးမဲ့ချေးမယ်လို့ ရေးသားထားပါတယ်။ ပိုစ့်မှာ ကာချုပ်မင်းအောင်လှိုင်ပုံကို LED Board နဲ့ ပြထားတဲ့ ပုံကို ထည့်သွင်းထားပြီး တရုတ်စာနဲ့ ရေးထားတဲ့ မူရင်းပိုစ့်ဆိုတာကိုလည်း ပြထားပါတယ်။ တွေးပြီးမှယုံကနေ ဒီသတင်းရင်းမြစ်နဲ့ […]
ရန်ကုန်(ရိုက်တာ) – မြန်မာစစ်တပ်က ရေးသားထုတ်ဝေလိုက်တဲ့ ရိုဟင်ဂျာအကျပ်အတည်း ဆိုင်ရာ စာအုပ်သစ်တအုပ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ အစက်အပြောက်တွေနဲ့ မှုံဝါးဝါးအဖြူအမဲဓါတ်ပုံမှာ လယ်လုပ် ကိရိယာတခုကိုကိုင်ပြီး လူသေလောင်းနှစ်လောင်းပေါ်ရပ်နေတဲ့ လူတယောက်ပုံကို ဖော်ပြကာ “ဘင်္ဂါလီ တွေက ဒေသခံတိုင်းရင်းသားတွေကို လူမဆန်စွာ သတ်ဖြတ်ခဲ့” ဆိုတဲ့ပုံစာကို ရေးထားပါတယ်။
Freedom News Group ဆိုတဲ့ Page တစ်ခုကနေ ဒေါ်လာဈေးမြင့်တက်မှုနဲ့ အချိန်ကိုက်ပြီးတော့ ကောလာဟလတစ်ခု အချိန်ကိုက်ထုတ်ခဲ့တာကို တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။ ဒီ Page ကနေ အခုအောက်မှာပြထားတဲ့ ပိုစ့်ကို ငွေကုန်ခံ Boost လုပ်ထားပြီး လူတွေကြားမှာ ပြန့်နှံ့မှုအားကောင်းအောင် စနစ်တကျ လုပ်နေတာကို သတိထားမိပါတယ်။
ဒီကောလဟာလနဲ့ ပတ်သက်ပြီး ပြောနိုင်တာက ဒီ Page ဟာ ယုံကြည်ရတဲ့ …
ဒီတခါပြောပြချင်တာကတော့ နိုင်ငံခြားက သတင်းဓာတ်ပုံတွေကိုယူပြီး လိုသလို ဘာသာပြန်ကာ ရေးတာတွေဟာ သတင်းအတုဖန်တီးသူတွေ လုပ်လေ့လုပ်ထ ရှိတဲ့ပုံစံပါပဲ။ ယခုသတင်းအတုမှာ ၂၀၁၂ ခုနှစ် နီပေါနိုင်ငံက ပုံကို ကူးယူပြီး ရက္ခိုင့်တပ်မတော် AA နဲ့ ARSA အဖွဲ့ ပူးပေါင်းပြီး တပ်မတော်နဲ့ တိုက်ပွဲဖြစ်တယ်ဆိုပြီး တကယ်ဖြစ်နေသယောင် ရေးသားထားတဲ့ သတင်းအတုပါပဲ။