ဒီသတင်းကို Steven Htun ဆိုတဲ့ Facebook အကောင့်တစ်ခုက မေ ၁၈ ရက်နေ့ (မနေ့)က တင်ခဲ့တာဖြစ်ပါတယ်။ သတင်းထဲမှာဆိုရင် “အခက်အခဲများစွာကြားမှ မင်းတပ်မြို့ကို ရိက္ခာတချို့ရောက်ရှိ” ကြောင်းရေးသားထားပြီး ပြည်သူတွေ ဆန်အိတ်တွေသယ်နေတဲ့ပုံတွေနဲ့ မင်းတပ်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ပုံနဲ့တွဲပြီး တင်ထားတာတွေ့ရပါတယ်။ အခုဆိုရင် Like နဲ့ React ပေးသူ 3.8K ရှိနေပြီး ပြန်လည်မျှဝေသူပေါင်း 2475ယောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူတွေဟာလဲ အများအပြားရှိနေပါပြီ။ ဒီသတင်းဓါတ်ပုံတွေဟာ ကချင်ပြည်နယ် လိုင်ဇာဘက်က စစ်ဘေးရှောင်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းထားတဲ့ ပုံတွေသာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒီလင့်ထဲမှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ မင်းတပ်ကို သွားရောက်လှူဒါန်းတဲ့ ပုံတွေမဟုတ်ကြောင်းကို ကာယကံရှင်တွေကိုယ်တိုင် ပြန်လည်ဖြေရှင်းထားကြပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်က သတင်းများကို အဆက်မပြတ်တင်ပေးနေတဲ့ Chin […]
မေ ၁၅ ရက်နေ့ကနေ့မှာ အာဏာသိမ်းစစ်ကောင်စီဟာ မင်းတပ်မြို့ကို လက်နက်၊ လူသူအင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့မှုကြောင့် မင်းတပ်ကာကွယ်ရေးတပ်က နောက်ဆုတ်ပေးခဲ့ရသလို လူနေအိမ်တွေပျက်ဆီး၊ အပြစ်မဲ့ပြည်သူတွေ သေကြေခဲ့ရပါတယ်။ များမကြာခင်မှာပဲ မင်းတပ်မြို့ရဲ့ ဒလံစာရင်းဆိုပြီး အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံက ထုတ်လွှင့်ချက်တစ်ခုကို ဖော်ပြထားတဲ့ ဓါတ်ပုံတပုံလိုင်းပေါ်ပျံ့နှံ့လာခဲ့ပါတယ်။ ဒီဓါတ်ပုံထဲမှာဆိုရင် ကျေးဇူးတင်လွှာ ခေါင်းစဥ်နဲ့ လူပုဂ္ဂိုလ်တွေ၊ ဟိုတယ်တွေကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။ ရုပ်သံနောက်ဆုံးအပိုင်း ကျေးဇူးတင်လွှာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မင်းတပ်မြို့ရဲ့ ဒလန်တွေဆိုပြီး သတင်းအမှားဖြန့်လာတာမျိုးတွေ တွေ့ရှိလာရပါတယ်။ MRTV ရဲ့ ရုပ်သံလွင့်ချက်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ်နှင့် သက်ဆိုင်သည့် သတင်းများကို ဦးစားပေးဖော်ပြနေသည့် Zalen Media က “မင်းတပ်ရဲ့ ဒလန်တွေ MRTV […]