Home>>PDF

စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှု​ကြောင့် ကလေးမြို့မှ ကျောင်းဆရာမတစ်ဦး ​သေဆုံးခြင်းကို PDF လက်ချက်ဟု သတင်းတုဖြန့်နေ

PDF February 4, 2022

1124 Views

ချင်းပြည်နယ်၊ က​လေးမြို့က ​ကျောင်းဆရာမ တ​ယောက်ကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် – PDF အဖွဲ့ဝင်​တွေက ပစ်သတ်ခဲ့တာ​ကြောင့် ​သေဆုံးခဲ့တယ်လို့ သတင်းတု တခုပြန့်နှံ့နေပါတယ်။ သတင်းတုရဲ့ ရေးသားချက်မှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အလယ်တန်းကျောင်းဆရာမ ဒေါ်ရီရီခိုင် အသက် (၄၂) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ PDF အကြမ်းဖက်သမားတွေရဲ့ သေနတ်နှင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့အကြောင်း ဒေသခံအရင်းအဖြစ်ထံက သိရှိရတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းကို Like & react ပြုလုပ်သူ ၇၃၇ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၉ ယောက်ရှိနေပါပြီ။ ဒီသတင်းကိုပဲ ထပ်ဆင့်ကူးယူဖော်ပြပြီး ဖြန့်​ဝေ​နေတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။ ဒီသတင်းတုနဲ့ ပတ်သက်လို့ တွေးပြီးမှယုံက အချက်အလက်စစ်ဆေးလိုက်တဲ့အခါ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ […]

ဒေါက်တာ​ဇော်​ဝေစိုးနဲ့ ကိုမင်းကိုနိုင် အ​ယောင်​ဆောင်ပြီး စစ်ကောင်စီထံ လက်နက်ချဖို့ သတင်းတုများဖြန့်​နေ

PDF October 13, 2021

2039 Views

NUG ရဲ့ ထိပ်ပိုင်း​ခေါင်း​ဆောင် တဦးဖြစ်သူ ​ဒေါက်တာ​ဇော်​ဝေစိုးနဲ့ ကိုမင်းကိုနိုင်တို့က​နေ လက်နက်ကိုင်​ တော်လှန်​ရေးဟာ ကျဆုံးသွားဖြစ်​ကြောင်းနဲ့ PDF ​တွေအ​နေနဲ့ စစ်​ကောင်စီထံ လက်နက်ချ အညံ့ခံကြဖို့ တိုက်တွန်းထားတဲ့ စာ​တွေဟာ Facebook မှာ အများအပြား ပြန့်နှံ့လာ​နေပါတယ်။ ဒီစာ​တွေမှာဆိုရင် ​ဒေါက်တာ​ဇော်ဝေစိုးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ Facebook အ​ကောင့်​တွေက​နေ တင်ထားသ​​ယောင် ဖန်တီးထားတာ​ကို ​တွေ့မြင်နိုင်ပါတယ်။ နောက်ဆက်တွဲ အ​နေနဲ့​တော့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ PDF ​တွေက စကစ ထံ တကယ်ပဲ အလင်းဝင်​နေ​ကြောင်း လူဦး​ရေစာရင်းနဲ့ပါ ထပ်မံ ဖြန့်​ဝေလာတာကိုပါ ​သတိထားမိခဲ့ပါတယ်။ တွေးပြီးယုံက​နေ ဒီ စာ​တွေနဲ့ ပတ်သက်လို့ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ အဆိုပါပုဂ္ဂိုလ်​တွေက ​​ရေးသားခဲ့တယ်လို့ သူတို့ရဲ့ Facebook Page ​တွေမှာ မ​တွေ့ခဲ့ရသလို သူတို့က​နေ […]

PDF – လှည်းကူး မှ ဦးဖြိုးမင်းသိန်းနဲ့ မိသားစုကို သတိပေး ဆိုတဲ့ထုတ်ပြန်ချက်အတု

PDF October 5, 2021

1346 Views

အောက်တိုဘာ ၃ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်​ကောင်စီ မှ အဂတိလိုက်စားမှုနဲ့ စွပ်စွဲချက်​တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကနေ သက်သေထွက်ဆိုခဲ့ပါတယ်။ ဒီဖြစ်စဥ်​တွေ ထွက်ပေါ်လာပြီးနောက်မှာ​တော့ Hlegu Defence Force – Hlegu PDF က​နေ စစ်ကောင်စီအလိုတော်ရိ ဖြိုးမင်းသိန်းအား သတိပေးခြင်းဆိုတဲ့ ထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာဆိုရင် ​”ဒေါ်​အောင်ဆန်းစုကြည်ကို သစ္စာ​ဖောက်ခဲ့တဲ့ အတွက်၊ ​ဇနီး​ ​ဒေါ်ခင်မိမိကြွယ်အပါအဝင် သူရဲ့ ​ဆွေမျိုးအားလုံးရဲ့ အသကွလုံခြုံမှုကို အာမခံ မခံနိုင်​ကြောင်း ​ကြေငြာလိုက်သည်။” လို ​ဖော်ပြထားပါတယ်။ ဒီ​ကြေငြာချက်​နဲ့ ပတ်သက်လို့အချက်အလက် စစ်​ဆေး​ပေးရန် တွေးပြီးမှယုံကို ပြည်သူတဦးမှ လာရောက်ပေးပို့ခဲ့ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာ​တော့ Hlegu Defence Force – Hlegu PDF page […]