နိုင်ငံရေးမတည်ငြိမ်မှုကြားထဲက ဒီလို ငွေငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းတော့မယ်ဆိုပြီး ယခုနေ့မှာပဲ သတင်းတွေပေါ်ထွက်လာပါတယ်။ ဒီသတင်းအပြင် ဘဏ်များပိတ်သိမ်းတော့မှာဖြစ်ကြောင်းလည်း သတင်းပေါ်ထွက်လာပါတယ်။ ဒီလိုပေါ်ထွက်လာတာက ဘယ်နေရာကရယ်လို့မရှိဘဲ ကောလဟာလအနေနဲ့သာ ပြန့်နှံ့လာတာဖြစ်ပါတယ်။ ဒီသတင်းကိုတွေးပြီးမှယုံက စစ်ဆေးကြည့်ရာမှာတော့ သတင်းမှားဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ်၅၀၀၀တန်၊ ကျပ်၁၀၀၀၀တန်ရုတ်သိမ်းမယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ဘဏ်တွေပိတ်သိမ်းမယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားများဖြစ်ကြောင်း ထုတ်ပြန်ချက်ထုတ်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ RFA သတင်းဌာနမှလည်း ငါးထောင်တန်၊ တစ်သောင်းတန်တွေရုပ်သိမ်းမယ်ဆိုတာ ကောလဟာလဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသွားကြောင်းကိုလည်း သတင်းရေးသားခဲ့တာကို ဒီမှာ တွေ့ရှိခဲ့ရပါတယ်။ အခုလိုအချိန်မှာ ကောလဟာလသတင်းတွေကြောင့် ပြည်သူများစိုးရိမ်ပူပန်ပြီး ဘဏ်တွေမှာ ငွေတွေထုတ်ယူနေကြောင်းလည်း ကြားသိရပါတယ်။ အခုလိုသတင်းမှားတွေဟာ လတ်တလောကာလမှာ ပို၍ ပြန့်နှံ့လာနိုင်တာကြောင့် တွေးပြီးမှယုံရဲ့ သတင်းဖတ်ရှုသူတွေအနေနဲ့ သတိထားဖို့လိုအပ်ပါတယ်။ သတင်းတု၊သတင်းမှားလို့ ထင်မြင်မိပါက မိမိကိုယ်တိုင်စစ်ဆေးကြည့်တာမျိုးပြုလုပ်သင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ […]
ဒီသတင်းကို ဒီဇင်ဘာ ၈ရက်နေ့က မင်းကိုကိုဦး အမည်နဲ့ Facebook အကောင့်တစ်ခုကနေ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းတုထဲမှာဆိုရင် “UEC အဖွဲ့ထဲက (၅)ဦးပြေးဖို့ကြံစည်နေကြတယ်။ အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း အတော်များများပြန်ပြေးနေကြပြီ။………
နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ်(၁) ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီသတင်းနဲ့ မရှေ့မနှောင်းပဲ “ကျောက်မဲတွင် နောက်ထပ်ထွေအုပ်တစ်ဦး သေနတ်ဖြင့် 22.11.2020 ည 6:00 နာရီ ပစ်ခတ်ခံရ” ဆိုတဲ့ သတင်းတု ပြန့်နှံ့လာပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက စတင်ပြီး “ဝ ကိုယ်ပိုင်ပြည်နယ်အတွင်း မည်သည့်လေယာဉ်မှ ပျံသန်းခွင့်ပြုမှာ မဟုတ်တော့ဘူးလို့ “ဝ”အဖွဲ့ပြော” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတုတစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။ ၂၇ရက်နေ့မှာ ဒီသတင်းတုကို ပဲ Northern Shan နာမည်နဲ့ အကောင့်တစ်ခုကနေ ထပ်မံကူးယူဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့မှာ Chaw Su Cho ဆိုတဲ့ Facebook Account က “သူပြောမှပဲ ရွေးကော်ဥက္ကဌအိမ် ဗုံးပစ်တဲ့သူကို ကျေးဇူးရှင်ဆိုပြီး ဘုရားစင်ပေါ်တင် ကိုးကွယ်ထားရမလို” လို့ရေးသားထားပြီး ဗီဒီယို ဖိုင်တစ်ခုကို ဖြန့်ဝေထားပါတယ်။ အခုဆိုရင် ဒီဗီဒီယိုဖိုင်အတုကို ပြန်လည်မျှဝေသူ ၁ ထောင်ကျော်ရှိနေပါပြီ။
“မြန်မာ့တပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ပျက်ကျ သုံးဦးသေဆုံး” ဆိုတဲ့ သတင်းတုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook မှာ အတော်လေးကို ပြန့်နှံ့နေပါတယ်။ သတင်းတုကို Zin Min ဆိုတဲ့ အကောင့်က ဇွန်လ၊ ၁၅ရက်နေ့ က တင်ထားတာကို တွေ့ရပါတယ်။ သတင်းတုမှာတော့ “မိတ္ထီလာ-တောင်ငူ-မှော်ဘီ ခရီးစဉ်သွားတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ပျက်ကျတယ်” လို့ဖော်ပြထားပါတယ် ….
“AA တပ်ရင်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမည်ဖြစ်ကြောင်း” Bangladesh Military Affairs Page မှာ ဖော်ပြထားတယ် ဆိုတဲ့ သတင်းတု တစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဒီသတင်းတုကိုတော့ ဇွန်လ (၁၁) ရက်နေ့မှာ Win Htein Oo ဆိုတဲ့အကောင့်ကနေ တင်ထားတာဖြစ်ပါတယ်။ သတင်းဖော်ပြချက်မှာတော့ Bangladesh Affairs Page က ဖော်ပြထား ……
သူငယ်ချင်းတို့ရေ…. ဒီရက်ပိုင်း Admin တို့လည်းမအားတာနဲ့ သတင်းအမှားတွေကို မတုံ့ပြန်နိုင်သေးဘူးဖြစ်နေပါတယ်။ အခုအချိန်လေးနည်းနည်းအားတာနဲ့ ခဏလေးလိုက်ကြည့်မိလိုက်တယ်ဆိုရင်ပဲ သတင်းအတုတစ်ခုကို လွယ်လွယ်ကူကူပဲဖမ်းမိလိုက်ပါတယ်။ NLD ပါတီက ဗဟိုသုတေသနအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက နိုင်ငံတော်အရေးပေါ်ရန်ပုံငွေ သန်း၆၀၀၀ကို သုံးနေတယ်ဆိုတဲ့သတင်းမှားကို ဖြန်ဖြူးနေကြတာဖြစ်ပါတယ်။ ဒီသတင်းအတုကို Group တွေနဲ့ သတင်းအတုဖြန့်ဖြူးတယ်လို့ယူဆရတဲ့ Page တွေ Account အတုတွေကနေ ဖြန့်ဖြူးတာဖြစ်ပြီး ခန့်မှန်းခြေ Share လုပ်တဲ့အရေအတွက် ၃၀၀ ဝန်းကျင်အထိရှိလာပါပြီ။ နိုဝင်ဘာ ၁ ရက်နေ့ကနေစပြီး ဒီသတင်းအတုကို ဖြန့်ဖြူးနေကြတာဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့အထိ ဖြန့်ဖြူးနေတုန်းပဲဆိုတာတွေ့ရပါတယ်။ ဒါကြောင့်… သူငယ်ချင်းတို့ မယုံကြည်မိအောင် တွေးပြီးမှယုံက ဖော်ထုတ်ပေးရခြင်းဖြစ်ပါတယ်။ (၁) သတင်းတုမှာ ဖော်ပြထားတဲ့ Myanmar News သတင်းဌာနဆိုတာ တကယ်ရှိတဲ့သတင်းဌာနတစ်ခုမဟုတ်ပါဘူး။ (၂) ဦးမျိုးရန်နောင်သိမ်းနဲ့ […]
သူငယ်ချင်းတို့ရေ…. သတင်းအတုတွေက မရပ်မနားပျံ့နှံ့လို့နေပါတယ်။ ဒီတစ်ခါမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ကာမလိမ်လည်ရယူတယ်ဆိုပြီး ဖော်ပြထားတဲ့ သတင်းတုတစ်ပုဒ်အကြောင်းကို တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။ (၁) အောက်တိုဘာ ၂၉ရက် ညနေပိုင်းက တင်တဲ့ ဒီသတင်းအတုမှာ NLD ပါတီ ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ကာမလိမ်လည်ရယူတယ်လို့ဖော်ပြထားပြီး အမျိုးသမီးတစ်ဦးရဲ့ပုံကိုပါ ဖော်ပြထားပါတယ်။ ဒါပေမယ့် တွေးပြီးမှယုံက တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါ အဲဒီအမျိုးသမီးရဲ့ဓာတ်ပုံဟာ ဖိလစ်ပိုင်သတင်းတစ်ပုဒ်က သတင်းဓာတ်ပုံသာလျှင်ဖြစ်ကြောင်းတွေ့ရှိရပါတယ်။(တွေးပြီးမှယုံက ဒီသတင်းတုအကြောင်းရေးနေစဉ် အတောအတွင်းမှာတင် facebook က ဒီသတင်းတုကို ဖယ်ရှားလိုက်တာကိုတွေ့ရပါတယ်) (၂) လွန်ခဲ့တဲ့သုံးရက်လောက်က ဦးမျိုးရန်နောင်သိမ်းဟာ NLD အစိုးရကို ပြိုလဲအောင်စနစ်တကျလုပ်ဆောင်နေတဲ့ လူ ၃၀၀၀ လောက်ရှိတဲ့အင်အားကြီးအဖွဲ့တစ်ဖွဲ့ရှိတယ်လို့ တရားဝင်သတင်းဌာနအချို့မှာ ပြောကြားထားတာရှိပြီး ဒီပြောစကားကိုအခြေပြုထားတဲ့သတင်းတွေရဲ့နောက်မှာ ဦးမျိုးရန်နောင်သိမ်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အခုလိုသတင်းတုတွေပေါ်ပေါက်လာတာလို့လည်း တွေးပြီးမှယုံကသုံးသပ်ပါတယ်။ […]
သူငယ်ချင်းတို့ရေ ဒီတစ်ခါမှာတော့ ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံအလေးမပြုတဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပြီဆိုတဲ့သတင်းတုတစ်ခုကို သူငယ်ချင်းတို့မယုံမိအောင် တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။ ဒီသတင်းတုဟာ Like ၅ထောင်ကျော်၊ comment ၁၅၀၀ကျော်နဲ့ Share ၅၇၀၀ကျော်ရှိနေပါပြီ။ ဒီသတင်းတုမှာ အောက်တိုဘာ ၂ရက်ညက နာနာဘာ၀ ချစ်သူရုပ်ရှင်ဇာတ်ကားကြီးအထူးပွဲလာကြည့်ပြီး နိုင်ငံတော်အလံအလေးမပြုတဲ့ လူငယ် (၁၄) ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၃နာရီအတွင်းရှာဖွေဖမ်းဆီး လိုက်တယ်လို့ဖော်ပြထားပါတယ်။ ဒီသတင်းတုမှာဖော်ပြထားတဲ့ ဓာတ်ပုံရော သတင်းပါ မှားယွင်းနေတာဖြစ်ပြီး တွေးပြီးမှယုံက တိုက်ဆိုင်စစ်ဆေး ထားတဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ – ဖော်ပြထားတဲ့ဓာတ်ပုံနှစ်ပုံအနက် တစ်ပုံက Mandalay Police (မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့)ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အနှိပ်ခန်းက အမျိုးသား ၊အမျိုးသမီးတွေရဲ့ဓာတ်ပုံဖြစ်ပါတယ်။သတင်းတုမှာဖော်ပြထားသလို ရုပ်ရှင်ရုံမှာ နိုင်ငံတော်အလံ အလေးမပြုလို့ […]