ဇွန်၉ရက်နေ့ညက ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတခု မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီသတင်းတက်လာပြီးချိန် မရှေးမနှောင်းမှာပဲ ဒလက ကမာကသွယ် ဗလီထဲမှာ သိုဝှက်ထားသော လက်လုပ်မှိုင်းများ ပေါက်ကွဲမီးလောင်ဆိုတဲ့သတင်း ပျံ့နှံ့လာပါတယ်။ ဒီသတင်းကို Ven Thue Nan Da အမည်ရှိတဲ့ အကောင့်တစ်ခုက Shwe Ko Taw (ငါန်းဇွန်) ကို Crd ပေးပြီး တင်ထားခဲ့ပါတယ်။ အဆိုပါ ပိုစ့်ဟာ share 170 ကျော်ရှိနေပြီး ပြန်လည်ကူးယူတင်ပြသူတွေ ရဲ့ ပိုစ့်တွေဟာလဲ share 490 ကျော်ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံရဲ့ အချက်အလက် စစ်ဆေးချက်တွေအရ ဇွန်လ (၉) ရက်နေ့ ည၁၁နာရီ ဝန်းကျင်မှာ ဒလမြို့နယ် ကမာကသွယ်ရပ်ကွက်မှာရှိတဲ့ ဗလီစာသင်ကျောင်းတခုဖြစ်တဲ့ ဟာဖိဇ်ဗလီမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ကြောင်း […]
အခုတစ်ခေါက်မှာတော့ မင်းရန်အောင်ဆိုတဲ့အကောင့်က နိုဝင်ဘာ ၁၈ရက်နေ့မှာ “အနိုင်ရရှိခဲ့တဲ့ NLD ပါတီကြီးမှ အစိုးရမဖွဲ့ခင် ပထမဆုံး ပွဲဦးထွက်အနေနဲ့ ၂၀၀၆ ခုနှစ်က ဘာသာရေးပဋိပက္ခအတွင်း ဖျက်ဆီးခံထားရတဲ့ စလင်းဗလီကို ပြန်ဖွင့်ပေးလိုက်ပါပြီခင်ဗျား…”ဆိုပြီး ဒီမှာ သတင်းတုတင်ခဲ့ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံက တွေ့ရှိချိန်တွင် ပြန်လည်မျှဝေသူပေါင်း ၁၁၂၀ ယောက်ရှိနေပြီဖြစ်ပါတယ်။သတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်ရာ…• မကွေးတိုင်းဒေသကြီး၊ စလင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးသက်ခိုင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “ဗလီက NLD အောင်နိုင်လို့ မနေ့ကမှ စဖွင့်ပေးတာမဟုတ်ပါဘူး။ ပြန်ဖွင့်ခွင့်ပေးတာ၂၀၁၉ ခုနှစ်ထဲကဖြစ်ပြီး ၁နှစ်လောက်ရှိနေပါပြီ။ COVID မဖြစ်ခင်ကတော့ ဝတ်ပြုလို့ရအောင်နဲ့ သန့်ရှင်းရေးလုပ်လို့ရအောင် ပြန်ဖွင့်ပေးထားတာပါ။ မနေ့က စဖွင့်တယ်ဆိုတာ မဟုတ်ပါဘူး” ဆိုပြီးဖြေကြားပေးထားပါတယ်။• စလင်းမြို့မှ ဒေသခံအစ္စလာမ်ဘာသာဝင်တစ်ဦးကိုလည်းမေးမြန်းကြည့်ရာမှာတော့ “မနေ့က ပြန်ဖွင့်ပေးတာမဟုတ်ပါဘူး။ ၂၀၁၉ […]
သတင်းအမှားထဲမှာဆိုရင် “အစ္စလာမ်ဘာသာဝင်တွေဦးဆောင်ပြီး ဗုဒ္ဓဘာသာဘုရင်ကြီးကို ဖြုတ်ချနေကြကြောင်း၊ ထိုင်းနိုင်ငံဟာ မွတ်ဆလင်နိုင်ငံဖြစ်တော့မယ်၊ လက်သုံးချောင်းရဲ့ အဓိပ္ပါယ်က အလ္လာဟ်ရဲ့ သားသမီးဖြစ်တယ်” ဆိုပြီး အချက်အလက် အမှားတွေနဲ့ ရေးသားဖော်ပြထားကြပါတယ်။
ဒီသတင်းကို Shwe Lay ဆိုတဲ့အကောင့်က အောက်တိုဘာ ၂ရက်နေ့ ည၉နာရီ ၄မိနစ်မှာတင်ခဲ့ပါတယ်။ Shwe Lay ဆိုတဲ့အကောင့်က “ဘားလမ်းမွတ်စလင် အခမဲ့ဆေးခန်းတွင် သွားရောက်ကုသသူ ရဟန်းရှင် လူ သက်ကြီးရွယ်အိုများဟာ အစ္စလာန်ဘာသာထဲဝင်ရန် စည်းရုံးခံရ” ဆိုပြီး သတင်းတုရေးသားခဲ့ပါတယ်။
ခုတခေါက်ပြန့်နှံ့လာတဲ့ သတင်းတု တစ်ခုကတော့ “ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်” ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။
ဇွန်လ (၁၃) ရက်နေ့မှာ 48 News ဆိုတဲ့ website တစ်ခုက “ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်” လို့သတင်းခေါင်းစဉ်တပ်ထားတဲ့ သတင်းတု တစ်ခုဖြန့်ဝေခဲ့ပါတယ်။ သတင်းမှာဆိုရင် …..
ဇွန်လဆန်းပိုင်းမှ ပြန့်နှံ့လာတဲ့ “မွတ်ဆလင်ပြည်လုံးကျွတ်ညီလာခံကို NLD ပါတီက ကူညီမယ်” ဆိုတဲ့ သတင်းတုအကြောင်းကို တွေးပြီးမှယုံက ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ….. “လူမှုကွန်ယက်ပေါ်တွင် ဗုဒ္ဓမြတ်စွာဘုရားနှင့် တုပဝတ်ဆင်ကာ သာသနာ ညှိုးနွမ်းအောင် ဆောင်ရွက်သူအား ထိန်းသိမ်းအရေးယူပေးရန်” ဆိုတဲ့အကြောင်းအရာနဲ့ တိုင်ကြားစာကို သာသနာရေးဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းဖော်ပြချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီတိုင်ကြားစာ အတုနဲ့ ပက်သက်ပြီး ဖြစ်ပျက်သွားတာတွေကတာ့ Saw Seven ဆိုတဲ့ အကောင့်ပိုင်ရှင်က ဗုဒ္ဓမြတ်စွာဘုရားနဲ့ တူအောင် တုပ ဝတ်ဆင်လို့ သာသနာရေး ဝန်ကြီးဌာနမှ အရေးယူဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနကို ပို့ထားတဲ့ တိုင်ကြားစာ အတုပါ၊ ဒီတိုင်ကြားစာ အတုကြောင့် သတင်းတုတွေဆက်တိုက်ထွက်နေရာကနေ အဲ့ဒီ လူပုဂ္ဂိုလ်ကို ဖမ်းမိသွားပြီလို့တောင် သတင်းတုတွေ ထွက်ခဲ့ပါသေးတယ်။ ဒီတိုင်ကြားစာ အတုဖြစ်ကြောင်းကို ပြန်လည်တုန့်ပြန်တဲ့ ကြေငြာချက်ကို သာသနာရေးဝန်ကြီးဌာနက ၈.၄.၁၉ မှာ ထုတ်ပြန်ခဲ့ပါတယ်။ သာသနာရေးဝန်ကြီးဌာက ထုတ်ပြန်ထားတဲ့ ကြေငြာချက်ကိုလည်း ဖော်ပြထားပါတယ်နော်။ ဘာသာရေးကိစ္စတွေက ထိလွယ်ရှလွယ်ဖြစ်တဲ့အကြောင်းအရာတွေဖြစ်တာကြောင့် သူငယ်ချင်းတို့အနေနဲ့ […]
သူငယ်ချင်းတို့ရေ……….. ဒီမနက် လူမှုကွန်ယက်မှာ သတင်းတခုကို လူအများshare နေကြတာကိုတွေ့ရပါတယ်။ အဲ့ဒီသတင်းက “ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ပြေးထွက်ပြေးသည့် မွတ်ကုလားကိုဖမ်းမိပြီ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့သတင်းတပုဒ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီသတင်းဟာ ၂၀၁၆ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တယ့် အဖြစ်အပျက်ကို လိုသလိုရေးထားတဲ့သတင်းတုတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံ မှစစ်ဆေးကြည့်တဲ့အခါ ….၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ကလောမြို့နယ် မှ ယာဉ်မောင်းသည် အမြန်လမ်းမကြီးတွင် ကိုရင်လေးနှစ်ပါးကို မော်တော်ယာဉ်နဲ့တိုက်မိတဲ့အကြောင်း ဖော်ပြထားတဲ့ DVB သတင်းကိုလိုသလိုရေးထားတဲ့သတင်းတု တစ်ခုပဲဖြစ်ပါတယ်။ ဒီသတင်းမှာသုံးထားတဲ့ ယာဉ်မောင်းဓာတ်ပုံကလည်း အစ္စရေးထောင်ထဲမှာ ပါလက်စတိုင်းလူငယ်တွေအကျဉ်းချခံရတဲ့အကြောင်းကို ရေးသားထားတဲ့ သတင်းက ဓာတ်ပုံတွေကိုယူသုံးထားတာပါ။ အခုသတင်းတုဟာ သတင်းဖြစ်စဉ်အမှန်ကိုယူပြီး အချက်အလက်တွေကို လိုသလိုပြင်ဆင်ထားတဲ့သတင်းတု တစ်ခုလဲဖြစ်ပါတယ်။ ဒါကြောင့် သတင်းဖတ်တဲ့သူတွေအနေနဲ့ သတင်းတခုကိုတွေ့ပြီဆိုရင် […]
ဒီတစ်ခါမှာလည်း မလေးရှားနိုင်ငံ အီပိုမြို့၊ မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ ရခိုင်ပြည်က ကုလားတွေက ကျောင်းထိုင်ဆရာတော်ကို လာရိုက်တယ်ဆိုပြီး လူမျိုးရေး၊ ဘာသာရေး ဆူပူအောင်လှုံ့ဆော်နေတဲ့ဖွသတင်းတစ်ခုကို …
ဒီနေ့ ဖော်ပြချင်တဲ့ သတင်းမှား တစ်ခုက တော့ “NLD ပြည်သူ့အစိုးရ အာဏာသိမ်းခံရပါက အဓိကတရားခံများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း ဦးဝင်းထိန်ပြောပြီ” ဆိုပြီး ကောလဟာလ ဖြန့်နေကြတာပါ။ 😒😒