သူငယ်ချင်းတို့ရေ…. ဒီတစ်ခါမှာတော့ ဓာတ်ပုံအတုတွေအသုံးပြုပြီး ရေးသားထားတဲ့ သတင်းပုံစံမျိုးတွေအကြောင်းတွေးပြီးမှယုံက ဖော်ထုတ်ပေးသွားပါမယ်။ သတင်းတုပြုလုပ်သူတွေဟာ ဓာတ်ပုံတွေကို photoshop ဆော့ဖ်ဝဲလ်အသုံးပြုပြီး လက်ရာ ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် ဓာတ်ပုံတွေဟာအသက်ဝင်တတ်ပါတယ်။ ဒီအသက်ဝင်လာတဲ့ဓာတ်ပုံအတုတွေကပဲသူငယ်ချင်းတို့ကို သတင်းအတုလား၊ အစစ်လား ထင်ယောင်ထင်မှားဖြစ်စေတတ်တာကြောင့် ဓာတ်ပုံအတုနှစ်ခုကို ဥပမာပေးပြီး တွေးပြီးမှယုံက တင်ပြပေးပါမယ်။ (၁) အမေစုကို ယုံကြည်ကြသူများဆိုတဲ့ facebook group တစ်ခုထဲမှာ photoshop အသုံးပြုပြီး တင်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ကချင်ပြည်နယ်အတွက် ရောက်လာတဲ့ရထားတွေလို့ ရေးသားထားပြီး တွေးပြီးမှယုံက Google Image နဲ့တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာ အဲဒီရထားဟာအင်္ဂလန်နိုင်ငံ ပို့စ်မောက်မြို့ကနေ လန်ဒန်ကို ပြေးဆွဲတဲ့ရထားဆိုတာ သိရပါတယ်။အဲဒီရထားပို့စ်ကို share ပြုလုပ်တဲ့သူဟာ ၁၅၀၀ကျော်အထိရှိနေပါပြီ။ (၂) ကချင်မြေကိုချစ်တဲ့သူများ group ထဲမှာ တင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာICC ကိုကာကွယ်ဖို့ […]
သူငယ်ချင်းတို့ရေ…… တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံတဲ့အနေနဲ့ CCTV 9 မှာ ၂၄နာရီတောင် ဂုဏ်ပြုတယ်ဆိုပြီး သတင်းတစ်ခုကို လူမှုကွန်ရက်စာမျက်နှာမှာဖြန့်ဝေနေတာကို တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းမှားကို Like ပြုလုပ်သူ တစ်ထောင်ကျော်နဲ့ Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိနေပါပြီ။ ဒီသတင်းတုမှာ LED TVနဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပုံကို တရုတ်နိုင်ငံမှာ ၂၄နာရီထုတ်လွှင့်ပြသခဲ့ပြီး တရုတ်ပြည်သူလူထုအကြားကြည်ရှု့သူ သန်း၈၀၀ကျော်ခဲ့တယ်လို့ဆိုထားပြီး၊ တရုတ်ကနေ မြန်မာကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာသန်း၅၀၀ အနှစ်၂၀ အတိုးမဲ့ချေးမယ်လို့ ရေးသားထားပါတယ်။ ပိုစ့်မှာ ကာချုပ်မင်းအောင်လှိုင်ပုံကို LED Board နဲ့ ပြထားတဲ့ ပုံကို ထည့်သွင်းထားပြီး တရုတ်စာနဲ့ ရေးထားတဲ့ မူရင်းပိုစ့်ဆိုတာကိုလည်း ပြထားပါတယ်။ တွေးပြီးမှယုံကနေ ဒီသတင်းရင်းမြစ်နဲ့ […]
သူငယ်ချင်းတို့ရေ သတင်းမဟုတ်သော သတင်းအမှားတွေဟာ သတင်းပုံစံလို တော်တော်များများ ရေးသားဖော်ပြကြပါတယ်။ တွေးပီးမှယုံကနေသတင်းတစ်ခုကို ဘယ်လိုဆန်းစစ်ရမယ်ဆိုတာကို ဖော်ပြပေးခဲ့ဖူးပါတယ်။ ယခုလည်း နိုင်ငံတော်အတိုင်ပင်ခံ မွေးနေ့ပွဲမတက်သည့် တပ်ချုပ်ကြီး ဝေဖန်ခံနေရတယ်ဆိုတဲ့ ဒီသတင်းကို ဘယ်သတင်းဌာနမှဖော်ပြထားခြင်းမရှိသလို၊ ဒီသတင်းကို ဘယ်သူကပြောတယ်ဆိုတာ လဲတိတိကျကျရေးထားတာမတွေ့ရှိပါဘူး။ ဒီသတင်းကို ဘယ်သူကဘယ်သူ့ကို ဘယ်နေရာမှာပြောလဲ ဆိုတာကိုဖော်ပြထားတာမရှိသလို၊ သတင်းအရင်းမြစ်ကလည်း တိကျသေချာမှု မရှိပါဘူး ဒီလိုသတင်းတွေဟာ ယုံကြည်လို့မရပါဘူး။ သူငယ်ချင်းတို့အနေနဲ့လဲ သတင်းတခုကိုတွေ့ရင် #တွေးပီးမှယုံ ကဖော်ပြပေးခဲ့ဖူးတယ့် IMVAIN နဲ့တိုက်စစ်ဖို့မမေ့ကြနဲ့နော်။ #တွေးပြီးမှယုံ