ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့အကြားစစ်ပွဲတွေပြင်းထန်နေချိန်မှာ လက်နက်ကိုင် နှစ်ဖွဲ့ကြား သတင်းတွေနဲ့ပတ်သတ်လို့ အမျိုးမျိုးသောသတင်းတု၊ သတင်းမှားတွေကို တွေ့ရှိရပါတယ်။
ဒီတစ်ခါမှာတော့Think Before You Trust မှ တွေ့ရှိချက်မှာ မောင်သုတ ဆိုတဲ့အကောင့်တကောင့်မှ “ထိုင်းကတော့စိန်ခေါ်နေပြီ AA ဘက်မှာထိုင်းတော်ဝင်တပ်တော်ကြီးပါလာတော့မည်” ဆိုတဲ့ခေါင်းစဉ်ဖြင့် Bangkok Post သတင်းစာမှပါဝင်တဲ့ ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ထားတယ်ဆိုတဲ့ သတင်းတု တင်ထားတာကိုတွေ့ရပါတယ်။ ထိုသတင်းတုကို Like ၆၀၀၀ကျော်၊ ပြန်လည်မျှဝေသူ ၄၀၀၀ကျော်ရရှိပြီး မကြာခင်မှာပဲ ပို့စ် ဖျက်သွားတာကိုတွေ့ရပါတယ်။ ….
သူငယ်ချင်းတို့ရေ…. မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ထုတ်လာတဲ့ ဗွီယိုဖိုင်ကို တော်တော် လေးဖြန့်ဝေကြတာ သူငယ်ချင်းတို့လည်း သိပြီးဖြစ်မှာပါ။ ဒါနဲ့ ပတ်သတ်ပြီး Yan Aung ဆို့တဲ့ အကောင့်က တင်ထားတာကို သူငယ်ချင်းတို့ သိရအောင် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ မယ်ဆိုင်ဂူထဲက လူငယ်တွေကို ကယ်ထုတ်လာပုံဆိုပြီး ဖြန့်ဝေနေကြသူများ သိနိုင်ရန်အတွက်ပါ။ Facebook သုံးရင် ချင့်ချိန်သုံးတတ်ဖို့လိုပါတယ်။ တကယ်တော့ ဒီပုံက ၂၀၁၀ ခုနှစ် ဇွန်လ(၂၀) ရက်နေ့က Youtube မှာ Daniel Penez က တင်ထားခဲ့တဲ့ မှတ်တမ်းဗွီဒီယိုထဲက မြင်ကွင်းပါ။ သူငယ်ချင်းတို့ youtube မှာ တင်ထားတဲ့ မူရင်းဖိုင်ကိုကြည့်လို့လည်းရပါတယ်။ #Credit to Yan Aung