ဧရာဝတီမြစ်ကြောင်းထဲမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို KIA + PDF ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့ ရုပ်သံအလွဲ တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ယနေ့ ပြန့်နှံ့နေပါတယ်။
ဒီသတင်းဗွီဒီယိုဖိုင်ဟာ နိုဝင်ဘာ၊ ၂၃ ရက်နေ့ကစလို့ Facebook သုံးစွဲသူတွေအကြားမှာ အများအပြား ပျံ့နှံ့လာနေပါတယ်။ သတင်းမှာဆိုရင် ကားနှစ်စီး အရှိန်းပြင်းပြင်းနဲ့ မျက်နှာချင်းဆိုင် တိုက်ခဲ့ကြတဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမှူးရဲ့ ကားကို ဆောဒေသခံတဦးကနေ အသေခံတိုက်ခဲ့ပြီး ဗျူဟာမှူးနဲ့ စကစ အဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာ၁၀ရက်နေ့ မနက်ပိုင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေလို့ ရည်ညွှန်းထားပြီး Min Min, Ro Thiha Hlaing စတဲ့ အမည်နဲ့ ဖေ့ဘုတ်အကောင့်တွေက စက်တင်ဘာ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ အသီးသီးဖြန့်ဝေထားပါတယ်။ ပြန်လည်မျှဝေသူစုစုပေါင်း ၆ ထောင်ကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာဆိုရင် ချင်းပြည်နယ် ထန်တလန်မြို့ (Lungler) ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပစ်ခတ်နေတဲ့ မှတ်တမ်းဗီဒီယိုလို့ ဖော်ပြထားပါတယ်။
Google ရဲ့ Youtube Channel မှာတင်ဆက်ထားတဲ့ “Tip 1: Think Before You Share” – မဝေမျှခင် အရင်စဉ်းစားသင့်တဲ့ အကြောင်းကို တွေးပြီးမှယုံမှ ဆီလျှော်သလို ဘာသာပြန် တင်ဆက်ထားပါတယ်။ Reference: (Link)
သူငယ်ချင်းတို့ရေ…. ဒီတခေါက်မှာတော့ သတင်းတုကို စိစစ်ဖို့လိုအပ်တဲ့ ‘C’ ၅ လုံးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီ အကြောင်းကိုတော့ John Spencer က ရှင်းပြထားတာဖြစ်ပြီး တွေးပြီးမှယုံမှ ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
21 ရက်နေ့က စလို့ Facebook မှာ Video ဖိုင်တစ်ခုကတော်တော်လေးကြည့်ရှုသူများလာပြီး ပြန်လည်မျှဝေတာ တွေလည်း တော်တော်လေးကို များလာပါတယ်။ သတင်းတစ်ပုဒ်မှာ အရေးကြီးတဲ့ Video မှတ်တမ်းကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အရင်က Video ကိုယူသုံးထားတာပါ။
ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain တခါက ပြောဖူးတယ် “အမှန်တရားက ဖိနပ်စီးနေတုန်းပဲရှိဦးမယ် အလိမ်အညာတစ်ခုကတော့ ကမ္ဘာတစ်ခြမ်းကိုတောင် ရောက်နေလောက်ပြီ” တဲ့။ သဘောတူလား သူငယ်ချင်းတို့။